မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘုးခရိုင် ငဖဲမြို့နယ်တွင် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေကုန်းကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။

ဂန့်ဂေါမြို့ မြစ်သာခန်းမတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၇ နာရီက ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့နယ်အတွင်း ပေါ်ဦးပေါ်ဖျား စိန်တလုံးသရက်သီးများ ဈေးကောင်းရရှိ     

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိန်တလုံးသရက် စိုက်ပျိုးရောင်းချသူများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ပြည်သူများအပူဒဏ်ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဧပြီလဆန်းပိုင်းမှစတင်၍ အပူချိန်သိသိသာသာမြင့်တက်လာခြင်းကြောင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များအနေဖြင့် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေး၊ အပူဒဏ်ကင်းဝေးစေရေးနှင့် ရှောင်ရှားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အပူရှောင်စခန်းများကို ဧပြီလ ၁ ရက်နေ့က စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊ ဇေယျမင်္ဂလာဂါတ်ကျောင်းနှင့် သရက်တောဘုန်းတော်ကြီးကျောင်းတို့တွင် အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ရေနံချောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့က ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ရှိရောက်ရှိပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ နွေနှမ်း ၃၅၄၈၈ ဧက စိုက်ပျိုးပြီးစီးပြီး နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မဲဇလီဆည်၊ စလင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၃၅၈၁၆ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၃၅၄၈၈ ဧကစိုက်ပျိုးပြီးစီးပြီးစိုက်ပျိုးနိုင်ခဲ့ကာ နှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြေစာရင်းအင်းဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စာဖတ်ရှိမြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားကာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်း ခရိုင် (၇) ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

ချောက်မြို့နယ်၌ ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ချောက်ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် ဆယ်အိမ်စုမှူးသင်တန်းကို မြို့နယ်အ‌ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံ နက်၉နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

ငဖဲမြို့တွင် ကိုရီးယားဂျူး၊ အိုဆာမရမ်းနှင့် ကြယ်တာယာ ဂန္ဓမာပန်းမျိုးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ အရှေ့ဘက်လယ်မြေတွင် မြေအောက်ရေကိုအသုံးပြု၍ ဂန္ဓမာပန်းများစိုက်ပျိုးထားရာ ပန်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချနေရကြောင်း ပန်းစိုက်တောင်သူထံမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး