သရက်ချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ တစ်ရက်လျှင် လူဦးရေ ၃၀ ခန့် စာအုပ်/စာစောင်များ လာရောက်ဖတ်ရှု
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများအား စာအုပ်/စာစောင်များအခမဲ့ ငှားရမ်းပေးလျက်ရှိသည်။