တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌အခြေခံပညာကျောင်းများသို့သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ပုလောမြို့နယ် Community Centre ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားအမျိုးအစားအလိုက် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားအမျိုးအစားအလိုက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားခန်းမ၌ ကျင်းပသည်။

အ.မ.က-အောက်ကင်းအရှေ့ရှိ ကျောင်းသား/သူများအား (တတိယ)အကြိမ်၊ အာဟာရများ ထပ်ဆောင်းကျွေးမွေးခြင်း ဆောင်ရွက်

ကျောင်းနေအရွယ်ကလေးငယ်များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု အောက်ကင်းအရှေ့ရွာ အခြေခံပညာမူလတန်းကျောင်းရှိ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသူ/သား (၉၃)ဦး တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်မိသားစုက ထပ်ဆောင်းပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က (တတိယ) အကြိမ်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အာဟာရများကို ကျေးမွေးပေးခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ် မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခမောက်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချမ်းဖန်း-ဟတ်စခင်း-အော်ကြီးလမ်းကွန်ကရစ်လမ်း (၀/၅)မိုင်ခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်း ၊ အလယ်တန်း၊ မူလတန်းအဆင့်  စာစီစာကုံး၊ ပန်းချီ၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး