တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ  အခမဲ့ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီ၊ ကာတွန်း၊ပိုစတာ ၊ ကွန်ပျူတာပန်းချီ ၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲ  မြို့နယ်အဆင့် ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) (၃၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ၊ ကွန်ပျူတာပန်းချီ ၊ ဆောင်းပါးနှင့် ကဗျာမြို့နယ်အဆင့် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်တောင်ရပ်ကွက် မြို့မ(၁)ရပ်ရှိ အ.ထ.က(ခွဲ) အ.လ.က (၁၀) စာသင်ကျောင်းတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။

လူရည်ချွန်မောင်မယ် ကျောင်းသား/သူများအား မြိတ်လေဆိပ်တွင် ဂုဏ်ပြုကြိုဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် မြိတ်မြို့မှ လူရည်ချွန်မောင်မယ် ကျောင်းသား/သူသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး ယမန်နေ့ ညနေပိုင်းတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကျွန်းစုမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ဒေသခံပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် သက်ဆိုင်ရာစာသင်ဝိုင်းများတွင် သင်ကြားပေးလျက်ရှိ

ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ်အစိုးအရအဖွဲ့များပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းမနေခဲ့ရသူများအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့်လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍ ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် သင်ကြားပေးလျက်ရှိရာ ယနေ့တွင်ပုလုံးတုံတုံးကျေးရွာနှင့် ကံပုံလားမားကျေးရွာရှိ စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုအား ပညာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြိတ်မြို့တွင် သဘာဝကုန်ကြမ်း မီးဖိုချောင်သုံး သီးနှံဘေးထွက်ပစ္စည်းများကို အခြေခံ၍ စိုက်ပျိုးသီးနှံများကို အကျိုးဖြစ်ထွန်းစေသည့် ဇီဝသဘာဝ ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည် ထုတ်လုပ်လျက်ရှိ

သဘာဝကုန်ကြမ်း မီးဖိုချောင်သုံး သီးနှံဘေးထွက်ပစ္စည်းများကို အခြေခံ၍ တောင်သူများ၏ စိုက်ပျိုးသီးနှံများ အပင်ကြီးထွားမှုကို အကျိုးဖြစ်ထွန်းစေသည့် ဘက်စုံသုံးရွက်ဖျန်း အားတိုးဆေးရည်ကို သဘာဝကုန် ကြမ်းများနှင့် ငါးအမိုင်နိုအက်ဆစ် နည်းပညာနှင့်ပေါင်းစပ်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ တွင် All in One Plus အမှတ် တံဆိပ်ဖြင့် ဇီဝသဘာဝ ဓာတ်မြေဩဇာ အားဖြည့်အရည် ထုတ်လုပ်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆို

၂၀၂၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါသည့် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလေ့လာရေး ခရီးစဉ် သွားရောက်ရာမှ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ပလောက်မြို့၌ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ ဒေသနေပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ တိရစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး အရင်းအနှီးနည်းနည်းဖြင့် အပိုဝင်ငွေများရရှိနိုင်သော တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း က အမှတ်(၁၂) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး