ကော့သောင်း၌ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ ကြိုဆိုဂုဏ်ပြု ကွင်းဆင်းဆေးကုသ
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု (၇)မိုင်၊ ချောင်းဝကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။