မြစ်သားမြို့နယ်တွင် Mobile Library စနစ်ဖြင့်ဌာနဆိုင်ရာ စာဖတ်ပရိသတ်များ လက်ဝယ်အရောက် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ သယ်ဆောင်၍လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။