ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ အခြေခံမြန်မာ့ရိုးရာခြင်းလုံးသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံမြန်မာ့ရိုးရာခြင်းလုံး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထားဝယ်မြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင် လှည့်လည်ငှားရမ်းများပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်ကာ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့ အမှတ်(၁) ရပ်ကွက်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်ပြဘုတ်များပြသ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၁) ရပ်ကွက် မူလတန်းကြိုကျောင်း၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားလပ်ရက်များအတွင်း ကျောင်းသားလူငယ်များ အကျိုးရှိစေရန် လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများဖြင့် ကုန်းဘောင်ခေတ်နေဝင်ချိန်၌ အင်္ဂလိပ်တို့ကို သူ့ကျွန်မခံစိတ်ဓာတ်ဖြင့် တော်လှန်တိုက်ခိုက် အသက်ပေးခဲ့ကြသည့် မြန်မာ့အာဇာနည် သူရဲကောင်းများအကြောင်းကို နောက်ခံပြု၍ရေးဖွဲ့ထားသော စာရေးဆရာကြီးရန်ကုန်ဘဆွေ၏ သေသော်မှတည့်သြော်ကောင်း၏ စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်း၊ (Book Club) အဖွဲ့ဝင်များ၊ (Women Club) အဖွဲ့ဝင်များ၊ (Youth club) အဖွဲ့ဝင်များ၊ စာ​ပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော "လူငယ်နှင့် အကောင်းဆုံး​သောဘဝကိုတည်ဆောက်ခြင်း " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံအင်္ဂလိပ်စာရေးသားနည်းသင်တန်းဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗဟုသုတ အသိပညာများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာရေးသားနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

နွေရာသီ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်း

ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်သည့် အားလပ်ရက်များတွင် အချိန်ကို အကျိုးမဲ့ မကုန်ဆုံးစေဘဲ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးတွင် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက နွေရာသီအခြေခံ အင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် အခြေခံပန်းချီသင်တန်းများ ဆင်းပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ