ပျဉ်းမနားမြို့နယ်၌ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်များရှိ ဈေးများအတွင်း အသား/ငါး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပျဉ်းမနားမြို့နယ်၌ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်များကို ယနေ့နံနက်ပိုင်းက မဟာရသုခဈေး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။