ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာလယ်တွင်းသားစောချစ်ရေးသားထားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။