ဘားအံမြို့၌ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့်အသိပညာပေးသင်တန်းဖွင့်လှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ “အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့်သင်တန်း ၂/၂၀၂၅” ကို ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်၉နာရီတွင် ဖွင့်လှစ်သည်။