ပင်လည်ဘူးမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြော
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။