လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ (Covid-19) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
အသက်ရှုလမ်းကြောင်းဆိုင်ရာ (Covid-19) အဆုတ်ရောင်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် အဆိုပါရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။