အင်းတော်မြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၁၂) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိကြောင်းသိရသည်။