မတူပီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး မြှင့်တင်ခြင်းနှင့် Mask Campaign ဆောင်ရွက်
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီ မြို့နယ်အတွင်းရှိ လူသွားလာမှု များပြားသည့် လမ်းဆုံလမ်းခွ များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။