နယ်ရုံးများ၏သတင်းများ

Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ( Covid Shield) ၊ (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းအဖွဲ့က ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ဧပြီလ ၈ ရက်တွင်နိုင်ငံတဝှမ်း၌ သမိုင်းဘာသာ ရပ်ကို အဋ္ဌမနေ့အဖြစ် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၄ ခုသို့ လာရောက်ဖြေဆိုသူသမိုင်းဘာသာရပ် (၉၅.၄၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ သမိုင်းဘာသာရပ်အား ကျောင်းသားကျောင်းသူများမှ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးနေ ကျောင်းသား/ ကျောင်းသူများမှ ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ နေ့လယ် ၁၂ နာရီထိ သမိုင်းဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက စာရေးဆရာ မြင့်ကျော် (သိကြားတန်း)၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 08,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်း သားကျောင်းသူများ စာစစ်ဌာန အသီးသီး၌ နောက်ဆုံးနေ့သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (CommunityCentr)ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဧပြီလ(၄)ရက်နေ့မှ စတင်၍ ကာတွန်းအခြေခံရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(သမိုင်းဘာသာရပ်)ကို ယနေ့ နံနက်(၉)နာရီ အချိန်မှစ၍ ဆက်လက်ဖြေဆိုခဲ့သည်။