နယ်ရုံးများ၏သတင်းများ

Apr 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းနှင့် ပထမအကြိမ် ထိုးနှံပြီးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Apr 08,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ် တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ် စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့ အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်း သွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ ရသ စာအုပ် စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Apr 08,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Apr 08,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ကျောင်းသူများနှင့်ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Oneline မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့ စာကြည့်တိုက် Page  တွင် တင်ဆက်ပေးလျက်ရှိသည်။
Apr 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် စတုတ္ထအကြိမ် နွေရာသီအခြေခံပန်းချီသင်တန်းအခမဲ့ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 08,2022
တနင်္သာရီတိုင်းဒေသကြီ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာ တွဲများမှ ကျောင်းသားကျောင်းသူများ နောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာကို ယနေ့နံနက်က အောင်မြင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Apr 08,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်  ယနေ့ နံနက် ၁၀ နာရီက စာအုပ် စာပေ ချစ်မြတ်နိုးသူများ အသင်း( Book Club) အဖွဲ့များမှ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပသည်။
Apr 08,2022
၂၀၂၂ခုနှစ်၊ ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် (၁၈) နှစ်အထက် ပြည်သူ လူထုအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရေးကျန်ရှိသည့် ပြည်သူများအား ရာနှုန်းပြည့်