နယ်ရုံးများ၏သတင်းများ

Apr 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ မီးသတ်ဦးစီးဌာနနှင့် ထားဝယ်-မေတ္တာ-ထီးခီသွား စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ မြို့အတွင်းရှိ နေအိမ်များတွင်လည်းကောင်း၊ မြန်မာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များကို သံဃာတော်အရှင်သူမြတ်တို့က ယမန်နေ့ညနေ(၄) နာရီအချိန်က ဌာနဆိုင်ရာများနှင့် မြို​ပေါ်ရပ်ကွက်ရှိ ပြည်သူများအား သင်္ကြန်ကာလအတွင်း အန္တရာယ်ကင်းဝေးစေရန် သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းကို မြို့အတွင်း အလှည့်လည် ရွတ်ဖတ်ပူဇော်​ပေးလျက်ရှိကြောင်း သိရသည်။
Apr 18,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၆၅)နှစ်မှ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးစားပေး အုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များ အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပသော ၁၃၈၄ ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်က ပင်လုံလမ်းရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Apr 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဦးဆောင်၍ ဖျာပုံမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးမြစ်ချင်းသားပေါက် အကောင်ရေ(၅)သောင်းအား ယနေ့နံနက်(၈)နာရီခွဲအချိန်က ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးဆိပ်ကမ်းတွင် ငါးလွှတ်ပွဲကျင်းပပြုလုပ်သည်။
Apr 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများ၌ ယနေ့ နံနက်ပိုင်းမှစ၍ ဘုရား၊ ကျောင်းကန်များနှင့် တရားစခန်းများ သို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဉပုဒ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ် လျက်ရှိကြောင်းသိရသည်။
Apr 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်ကိုကိုးကျွန်းမြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကိုကိုးကျွန်းမြို့နယ် သာသနာမဏ္ဍိုင်ကျောင်းအတွင်းရှိ ရဟန်းနှင့် ရှင်အပါး(၅၉)ပါးအား အမှတ်၃စစ်ဗျူဟာမှူး အမှတ်၂၈ ရေတပ်အခြေစိုက်စခန်းမှ အရာရှိစစ်သည် မိသားစုများ၊ ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ .မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးနှင့် မိသားစုများ.၊ မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ၊ ဒေသခံပြည်သူများ ကိုကိုးကျွန်းမြို့နယ်လေတပ်စခန်းမှ အရာရှိသည်များ ဆွမ်းဆန် စိမ်းလောင်းလှူ ခဲ့ကြောင်း သိရသည်။
Apr 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော် အကျနေ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ စတုဒိသာကျွေးမွေးခြင်း၊ သီဆိုဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများဖြင့် ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
Apr 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြန်မာသက္ကရာဇ် (၁၃၈၃)ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုလမ်းလျှောက် သင်္ကြန်ပွဲတော်ကို နမ့်ယွန်းဂေါက်ကွင်း ဗဟိုမဏ္ဍပ်တွင် ယနေ့ နံနက်  ၈ နာရီက ဖွင့်လှစ်ခဲ့သည်။