နယ်ရုံးများ၏သတင်းများ

Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စုပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသော" တန်ဖိုးရှိလှလူငယ်ဘဝ " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သည်။
Apr 08,2022
၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ် မြို့နယ်တွင် စာစစ်ဌာ (၂) ခုဖြင့် (သမိုင်း)သာရပ်ကို ယနေ့ နံနက် (၉) နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 08,2022
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် ဘုရားဖူးလာရောက်သူ ၃၅၀၀ ဦး ခန့်လာရောက်ဖူးမြော်ကြကြောင်း ရွှေစည်းခုံဘုရားကြီး ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦး ထံ ကသိရသည်။
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ(၁၉၇) ဦး မှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်း ထိပ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်‌‌ရေးမှူးရုံးဟောင်း ရှေ့ဆေးထိုးစုရပ်တွင်
Apr 08,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်း ဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 08,2022
 အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်း အေရိုးဗစ်သင်တန်း ဆင်းပွဲအား ယနေ့ နေ့လယ် ၁၂နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့် ပြီးသည့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့က ကျောက်တံခါးမြို့ စည်ပင်သာယာခန်းမနှင့် ဟာရီးကျေးရွာ ကျေးလက်ဆေးပေးခန်းတို့၌ စတင်ထိုးနှံပေးကြောင်း သိရသည်။