May 08,2024
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ကျေးရွာစာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအားတွေ့ဆုံ၍ မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပိန်းနဲကုန်းကျေးရွာအုပ်စု သိမ်ဖြူကုန်းကျေးရွာရှိ ပညာဗိမာန် စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။