နယ်ရုံးများ၏သတင်းများ

Mar 22,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် (၄) မျိုး ထောက်ပံ့ပေးအပ်ခြင်းကို မတ်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ အရှည်ပေ ၄၀ ရှိသံကူကွန်ကရစ် တံတားတစ်စင်းကို လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သော ပိုက်ဆံလျော်မျိုးစေ့ထုတ်ဧက ၂၀ စိုက်ပျိုး ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်း များက ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းအခြေခံပညာ အထက်‌တန်းကျောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က လူစည်ကားရာနေရာများ၊ ဈေးများနှင့် မြစ်ကမ်းတစ်လျှောက် လိုက်လံနှိုးဆော်ခဲ့သည်။
Mar 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၃) နာရီက စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့်ရေးသားသည့်“ဆယ်ကျော်သက်များနှင့် စကားပြောခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 22,2022
၂၀၂၂ခုနှစ်၊  မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်  (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ၃၃ကေဗွီ ဓာတ်အားလိုင်း( ၁၇ )မိုင် တည်ဆောက်ခြင်းနှင့် ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဝင်းဝဓာတ်အားခွဲရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဓာတ်အားခွဲရုံ၌ကျင်းပသည်။