နယ်ရုံးများ၏သတင်းများ

Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံကြေညာခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
Mar 22,2022
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်    တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား  ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Mar 22,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနရုံးတွင် လာရောက်စာဖတ်ကြသော ကျောင်းသား/ သူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Mar 22,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နေပြည်သူများ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးထုတ်ပြန်ချက်အား အချိန်နှင့်တပြေးညီ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးနှင့်ဝန်ထမ်းများက အဖွဲ့များခွဲပြီး ယနေ့နံနက် (၁၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် လူစည်ကားရာနေရာများတွင် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးပြီး ကျေးရွာ အသင်းခွဲငယ်များနှင့် ပူးပေါင်း၍ မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက တုံ့ပြန်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်နေသည့် ကုလားတန်းကျေးရွာအုပ်စု၊ သံတဲကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Mar 22,2022
ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်တော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူ ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကူညီကယ်ဆယ်ရှာဖွေရေး ပစ္စည်းများ အသင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်ထံမှ သိရသည်။