နယ်ရုံးများ၏သတင်းများ

Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအဖွဲ့ (Youth Club) တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.လ.က(၁)ကျောင်း မြမာလာခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 22,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆေးရောင်ခြယ်၊စိတ်ကြိုက်ပန်းချီ ရေးဆွဲပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေး၊အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူလူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
Mar 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်  ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာအောင်သင်းရေးသားသည့် “အားနေသောလက်များ” စာအုပ်ဖြင့်   စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Mar 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာအုပ်စု၊ ဂန်းတောကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်မှုဖြင့် မဟာဓာတ်အား လိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာအသေးစားဓာတ်အား‌ပေးစနစ်မီးလင်းရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ် ၂၂ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် အဆိုပါကျေးရွာ၌ကျင်းပသည်။
Mar 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားများ ပပျောက်စေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်   ကြိုတင်ကာကွယ်ရေး  အသိပညာပေး  နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့သွားရောက်၍  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက   တစ်ပတ်လျှင်(၄)ကြိမ်  ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
Mar 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြိုတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ၊ ဆရာ/မများ၊ ပြည်သူများသို့ ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်ပိုင်းက အ-ထ-က(၁) ကျောင်းနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။