နယ်ရုံးများ၏သတင်းများ

Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ မှစ၍ အငြိမ်းစားပင်စင် လစာငွေများကို ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အငြိမ်းစားပင်စင် လာရောက်ထုတ်ယူကြသူများကို ဆက်လက် ထုတ်ပေး လျက်ရှိကြောင်းသိရသည်။
Mar 22,2022
ကရင်ပြည်နယ်မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းတွင် စုကလိမြို့ပြည်သူများအား ဗဟုသုတရရှိစေရန် အလို့ဌာ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Mar 22,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား စဥ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Mar 22,2022
ကရင်ပြည်နယ်မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံး အနေဖြင့် အများပြည်သူများအားအသိပညာပေး Talk Show များအား အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်အချိန်ကစုကလိမြို့ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မြန်မာ သာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်​ပွားနေသော ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ အိုမီခရွန်အ​ကြောင်းအသိပညာပေး Talk Show အား ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ နေရပ်စွန့်ခွာပြည်သူများအား တစ်ပိုင်တစ်နိုင်စနစ်မှ စီးပွားဖြစ်မွေးမြူနိုင်ရန် ရည်ရွယ်၍ ဒေသကြက် (၈၀၀)ကောင် ထောက်ပံ့ပေးအပ်ခြင်းကို
Mar 22,2022
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 22,2022
ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Communitu Centre ခန်းမတွင် ယမန်​နေ့မွန်းလွဲပိုင်းက သဘာဝ​ဘေး အန္တရာယ် ကြိုတင်ကာကွယ်​ရေးအသိ ပညာ​ပေး​ဟော​ပြောပွဲကိုကျင်းပ​ဆောင်ရွက်ခဲ့သည်။