Feb 23,2022
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဓါတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်နေသည့် အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ များအနေဖြင့် ဓါတ်မြေဩဇာကို သုံးစွဲမည့်အစား ဈေးနှုန်းသက်သာသည့် ငါးအမိုင်နှိုအက်ဆစ် သဘာဝအပင် အားတိုးဆေးရည်များကို ပြုလုပ် သုံးစွဲတတ်စေ ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝအပင်များ အားတိုး ဆေးရည်လက်တွေ့ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။