နယ်ရုံးများ၏သတင်းများ

Feb 22,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်၊ ဆမအသုတ် ဒုတိယအကြိမ်နှင့် သတ္တမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 22,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ကအထိကိုဗစ်-၁၉ ကာကွယ်ဆေး ၁၇၄၄၉၆ ထိုးနှံပြီးဖြစ်ကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ Book Club အဖွဲ့ဝင်က ယမန်နေ့ မွန်းလွဲပိုင်းတွင် စာဖတ်ဝိုင်းကျင်းပသည်။
Feb 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသား၊ ကျောင်းသူကလေးများအား ဉာဏ်ရည်ထက်မြက်စေရန်နှင့် ပျော်ရွှင် စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မသန်စွမ်းသူများဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Feb 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ ဆေးထိုးနှံ​ပေးလျက်ရှိသည်။
Feb 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သာယာဝတီမြို့ အ.ထ.က (ဖိုးခေါင်) ကျောင်းနှင့်အ.ထ.က (စံရွေး) ကျောင်းများသို့ ယနေ့ နံနက် ၁၀ နာရီက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ် စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား Sputnik Light Booster Dose အပိုဆောင်းကာကွယ်ဆေးများကို ကာကွယ် ဆေးထိုး စုရပ်ဖြစ်သည့် အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့) တွင် နံနက် ၁ဝ နာရီအချိန်မှ ၁၅ နာရီထိ စုစုပေါင်း (၅၀၀) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။