Feb 21,2022
မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုများမြင့်မားလာကာ တောင်သူလယ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်၊ အထွက်တိုးစံပြကွက်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။