နယ်ရုံးများ၏သတင်းများ

Mar 11,2024
မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထ‌နှောင်းရင်ခွင်စာပေဝိုင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ Primary Grammar နှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်း အခြေခံသဘောတရား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင်  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Mar 10,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရေကြည်ကျေးရွာအုပ်စုအရှေ့ ဇီးကုန်းဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
Mar 10,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
Mar 09,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစာဖတ်ဝိုင်းကို လစဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အဆိုပါရုံးရှိလူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်” စာအုပ် ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Mar 09,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အနာဂတ်တွင်ဦးဆောင်ကြမည့် လူငယ် များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်နှင့် ကျန်းမာရေးအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
Mar 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ‌ခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းအချိန်က ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့သည်။
Mar 09,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံတရုတ်စကား‌ပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကားပြောကြားသည်။