နယ်ရုံးများ၏သတင်းများ

Feb 07,2024
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးအတွက် လူငယ်များ အသိဉာဏ်ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိသည်။
Feb 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ‌ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 07,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကြားနေသော ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအား ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် အခဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 07,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့နှင့်စာဖတ်ပရိတ်သတ်တို့ ပူးပေါင်း၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ရိုးရိုးကျင့်မြင့်မြင့်ကြံ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
Feb 07,2024
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို ဟောပြောပွဲကိုအမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Feb 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ပုံတူပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 07,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးသိရှိစေရန် လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန် နှင့်အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာဦးမော်မော့်မောင်၏ အဖြူရောင်ခမည်းကြက်နှင့် အခြားဝတ္ထုတိုများအား ယမန်နေ့နေ့လယ်(၂)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 07,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ စုံလင်စွာတက်ရောက်သည်။