Apr 04, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်၍ စတုတ္ထနေ့ ဓာတုဗေဒဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
Apr 04, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့နံနက်ပိုင်းတွင် အတားအဆီးမဲ့သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ရုံးခွဲတာဝန်ခံများကို ဝန်ကြီးဌာန နီလာခန်းမ၌ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
Apr 04, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)သို့ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။
Apr 04, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်တို့နှင့်အတူ ယနေ့နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့ ရောက်ရှိပြီး ကချင် ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့် ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တိုင်းရင်းသားဘာသာ) အစီအစဉ် အတွက် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Apr 03, 2022
သံနှင့်သံမဏိစက်ရုံများ၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် (Mini Budget) လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Apr 03, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများမဖြစ်မနေ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အများပြည်သူ ခရီးသွားလာရာတွင်ဖြစ်စေ၊ တည်းခို နေထိုင်ရာတွင်ဖြစ်စေ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် ဖြစ်စေ တရားဝင်ထုတ်ပေးထားသော နိုင်ငံသား ကတ် (မှတ်ပုံတင်) ကို ဧပြီ ၁ ရက် မှစတင် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
Apr 03, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင်ထားမှုနှင့် ကျောင်းဆောင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Apr 03, 2022
စက်မှုလယ်ယာစနစ်သို့ ပီပြင်စွာကူးပြောင်းနိုင်ရန် ကျွမ်းကျင်သော လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ သင်တန်းများတွင် မတူကွဲပြားသည့် ဒေသအသီးသီးမှ သင်တန်းသားများ လာရောက်လေ့လာ ဆည်းပူးလျက်ရှိကြရာ သင်တန်းပြီးမြောက်ပါက ယင်းတို့ လက်တွေ့ လုပ်ကိုင်ကြမည့် သီးနှံများအလိုက် မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုရန် လိုအပ်သော စက်ကိရိယာ များကို ခွဲခြားပြီး ထိရောက်သည့် ပို့ချမှုသင်ကြားပေးမှုဖြစ်ရန် လိုအပ်ကြောင်း ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းကို လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။
Apr 03, 2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့နှင့်အတူ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု ကို ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုသည်။
Apr 03, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ကချင်ပြည်နယ် ပညာရေးမှူးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Apr 03, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်းရှမ်မြို့သို့ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည်။
Apr 02, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Apr 02, 2022
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့် ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။
Apr 02, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အန်းဟေးပြည်နယ် ဟွမ်းရှမ်မြို့သို့ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည်။
Apr 01, 2022
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်း အဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
Apr 01, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Apr 01, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်တိုးမြှင့်ထိုးနှံနိုင်ရေး ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 01, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ချောမွေ့စေရေး လုပ်ငန်းစဉ်များ ဖြစ်သော လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူစေခြင်း၊ အွန်လိုင်းဝန်ဆောင်မှု မြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများလျှော့ချခြင်း၊ ရင်းနှီးမြှုပ်နှံပြီး နောက်ပိုင်းဝန်ဆောင်မှုများ တိုးမြှင့်ပံ့ပိုးပေးခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချခြင်းနှင့် ပွင့်လင်း မြင်သာမှု ပိုမိုအားကောင်းစေခြင်းစသည့် ဦးတည်ချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် (Investment Facilitation Tools) များကို စီးပွားရေး လုပ်ငန်းအသိုက်အဝန်းသို့ စတင်မိတ်ဆက်သည့် “Unboxing Investment Facilitation Toolkit 2022” အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
Apr 01, 2022
ခေတ်အဆက်ဆက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသေးသည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရန် လိုအပ် နေသော သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက် တစ်ခုဖြစ်သည့် မွေးမြူရေးသုတေသနဦးစီးဌာန အသစ်တစ်ခု တည်ထောင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဩဂုတ် (၁၇)ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မွေးမြူရေးသုတေသနဦးစီးဌာန ဖွင့်ပွဲအခမ်းအနားကို
Apr 01, 2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
