Skip to main content

ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်ငန်းများ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး     ဇန်နဝါရီ ၅

နေပြည်တော်၊ ရုံးအမှတ်(၂၆)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၅ရက်၊ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်ငန်းများ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ Online Meeting စနစ်ဖြင့် တက်ရောက် ခဲ့သည်။

အစည်းအဝေး၌ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာရွှေ့ပြောင်းလုပ်ငန်းများ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် မြေယာကိစ္စ ဖြေလျော့ ပေးရန်၊ ဒေသအလိုက် စက်မှု/လက်မှု သင်တန်းကျောင်းများ အဆင့်မြင့်တင်၍ တိုးချဲ့ဖွင့်လှစ် ပေးရန်၊ သင်တန်းသားများအား ကျွမ်းကျင်မှု လုပ်ငန်းအလိုက် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန်၊ အာမခံချက်(ဂရန်(သို့)ပုံစံ-၇) မရှိသော်လည်း လုပ်ငန်းကျွမ်းကျင်မှုအရ အသေးစား ချေးငွေများ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ကိုဗစ်−၁၉ ကာလအလွန်တွင် ခရီးသွား လုပ်ငန်းများ တိုးတက်လာမည်ဖြစ်၍ ဘာသာစကားဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးရန် တို့အား တင်ပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် Emergency Use အတွက် တရုတ်နိုင်ငံမှ ကာကွယ်ဆေး (၁၀)သန်း ဝယ်ယူနိုင်ရေး၊ လူဦးရေ(၁၅)သိန်း ထိုးနှံရန် ကာကွယ်ဆေးအလုံးရေ သန်း(၃၀)အား အိန္ဒိယနိုင်ငံမှ ဝယ်ယူ နိုင်ရေး၊ သတ်မှတ်အချိန်မီ ရောက်ရှိနိုင်ရေး၊ အိန္ဒိယနိုင်ငံ၊ Bharat Biotex Co., Ltd မှ Phase III တွင် ပါဝင် ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေးဝယယ်ယူရာ၌ Joint Production လုပ်ရန်ကိစ္စ၊ လအလိုက် လိုအပ်မည့် ကိုဗစ်−၁၉ ကာကွယ်ဆေး (Vaccine) Demand ကို တွက်ချက်ပေးရန်နှင့် Supply အချိန်မီရရှိရန်ကိစ္စ၊ ဂျပန် နိုင်ငံမှ ပေးအပ်မည့် Vaccine Storage Facility ရရှိနိုင်ရေးညှိနှိုင်းရန်ကိစ္စ၊ မြန်မာရွှေ့ပြောင်းအလုပ်သမား များ မိမိနိုင်ငံအတွင်း ပြည်လည်ဝင်ရောက်ရာတွင် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing လုပ်နိုင်မည့် စီးပွားရေးဇုန်များကို နယ်စပ်တွင် ထူထောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)