၁။ COVID-19 ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ်ငွေစာရင်းအမှတ် (OA 013733) သို့ အောက်ပါနည်းလမ်းများဖြင့် ထည့်ဝင် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲနှင့် နိုင်ငံပိုင်ဘဏ်များ၏ ဘဏ်ခွဲ အားလုံး၊ ပုဂ္ဂလိကဘဏ်များ၏ဘဏ်ခွဲအားလုံးတို့တွင် ငွေသားဖြင့် တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။
(ခ) နိုင်ငံပိုင်ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများနှင့် ပုဂ္ဂလိက ဘဏ်ခွဲများ တွင် ဖွင့်လှစ်ထားသော စာရင်းများမှ စာရင်းပြောင်းနည်းလမ်း (Account Transfer) ဖြင့် လှူဒါန်းနိုင်ပါသည်။
(ဂ) Mobile Banking/Mobile Wallet မှ လှူဒါန်းလိုပါက သက်ဆိုင်ရာ Service Provider/ပုဂ္ဂလိကဘဏ်များ၏ Mobile App များမှတစ်ဆင့် လှူဒါန်းနိုင် ပါသည်။
(ဃ) MPU Card (ATM Card) များမှ လှူဒါန်းလိုပါက MPU မှတစ်ဆင့် လှူဒါန်း နိုင်ပါသည်။
(င) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ Website မှတစ်ဆင့် MPU Debit/Credit ကတ်များဖြစ်စေ၊ ပြည်တွင်း/ပြည်ပ Visa/Master Credit ကတ်များဖြင့်ဖြစ်စေ၊ ချိတ်ဆက်ထားသော Over-the-Counter ဆိုင်များ၌ ငွေသားပေးသွင်းခြင်းဖြင့်ဖြစ်စေ အလှူငွေများကို လွယ်ကူလုံခြုံစွာပေးအပ် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ထပ်မံအသိပေး ကြေညာမည် ဖြစ်ပါသည်။
၂။ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ နိုင်ငံခြားငွေစာရင်းအမှတ် (EDC 600012) သို့ အောက်ပါနည်းလမ်းများဖြင့် နိုင်ငံခြား ငွေများကို ထည့်ဝင်လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် နိုင်ငံခြားငွေလုပ်ငန်းနှင့် နိုင်ငံခြားငွေ လုပ်ငန်း လုပ်ကိုင်ခွင့် AD လိုင်စင်ရ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲများမှ တစ်ဆင့် မည်သည့် နိုင်ငံခြားငွေအမျိုးအစားကိုမဆို ငွေသားဖြင့် တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။
(ခ) မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေ စာရင်းများမှ တစ်ဆင့် စာရင်းပြောင်းနည်းလမ်း (Account Transfer) ဖြင့် လှူဒါန်းနိုင်ပါသည်။
(ဂ) မြန်မာ့စီးပွားရေးဘဏ်၏ SWIFT Code - MYEBMMMY ကို အသုံးပြု၍ Donation to COVID-19 Vaccination Fund (Account EDC 600012) Myanma Economic Bank ဟု ဖော်ပြ၍ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြား ဘဏ်များမှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။
(ဃ) ပြည်ပဘဏ်များမှတစ်ဆင့် ငွေလွှဲသည့်အခါ အထက်ဖော်ပြပါ SWIFT Code နှင့် Donation to COVID-19 Vaccination Fund (Account EDC 600012) Myanma Economic Bank ကို ဖော်ပြ၍ ငွေလွှဲနိုင်ပြီး ငွေလွှဲပို့သည့် ပြည်ပ ဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ အကြား တိုက်ရိုက်ဆက်သွယ်မှု မရှိပါက အောက်ပါ မြန်မာ့စီးပွားရေးဘဏ်၏ ပြည်ပ အဆက်အသွယ် ဘဏ်များမှ တစ်ဆင့် ဘဏ်အချင်းချင်း ချိတ်ဆက်ငွေလွှဲပို့နိုင်ပါသည်-
၃။ အလှူရှင်စာရင်းကို မှတ်တမ်းတင် ထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည့်စုံစွာ ဖော်ပြပေးပါရန်နှင့် အလှူငွေများ ထည့်သွင်းပြီးပါက e-mail - treasury05@365 mopfi.gov.mm, treasury10@365 mopfi.gov.mm (သို့မဟုတ်) Viber - 09-251182042, 09-420788851 တစ်ခုခုသို့ အလှူငွေ ပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။
၄။ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လူကိုယ်တိုင်လာရောက်လှူဒါန်းခြင်း၊ နှင့် ပြည်တွင်းမှ Virtual အစီအစဉ်တို့ဖြင့် လှူဒါန်းလိုသူများသည် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်-
၅။ COVID-19 ကာကွယ်ရေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများသည် ဝင်ငွေခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာ သက်သာ ခွင့်များ ခံစားခွင့်ရရှိပါသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန