Skip to main content

ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးပိုစတာဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၄

Stop Covid-19 အဝါရောင် အသိပညာပေး ပိုစတာဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦ ရှေ့၌ ကျင်းပသည်။

အဆိုပါ အဝါရောင် အသိပညာပေး ပိုစတာဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ခလုပ်နှိပ် ဖွင့်လှစ် ပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ အသိပညာပေးပိုစတာ ဖွင့်လှစ်ရခြင်းမှာ ရန်ကုန်မြိုတော်နေ ပြည်သူများ ကပ်ရောဂါနှင့် ပတ်သက်၍ သတိမှုပြီး စည်းကမ်း များ လိုက်နာကြစေရန်အတွက် အသိပေးသည့် အစီအစဉ်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ဆေး ခြင်း အလေ့အကျင့်ကောင်းများ ဆောင်ရွက်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်ကြရန် တို့ကို အသိပညာပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉နှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးရန်အတွက်၊ New normal ၊ New Living ၊ New Yangon စသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး၊ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းကို အထူးအလေ့အကျင့်ကောင်းတစ်ခုအဖြစ် ရေရှည် လုပ်ဆောင်ကြရန်ဖြစ်ပြီး၊ လူတိုင်းက အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)