Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် နှင့်ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံ့ စီးပွားရေး ပြန်လည်တိုး တက် ကောင်းမွန်ရေးဆိုင်ရာများဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ  ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာ မောင်မောင် လေး၊ ဦးဝေဖြိုး၊ ဦးသောင်းတင်၊ ဦးလှမောင်ရွှေ၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်း ရေးမှူးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာ အောင်သိန်း၊ ဦးကျော်ဒေ၀၊ ဦးအေးထွန်း၊ ဦးအောင်စိုးသာ နှင့်  ဒေါက်တာဝင်းစည်သူ၊ ဘဏ္ဍာရေးမှူး ဦးမြဟန်၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးဆန်းလင်း၊ အကျိုးဆောင်စာရင်းစစ် ဦးနှင်းဦး၊ အကျိုးဆောင်တွဲဖက် စာရင်းစစ် ဒေါက်တာ တင်လတ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်၊ မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာ နိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင် တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အသင်း ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများအား တစ်ဦး ချင်း မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အခြေ အနေ အရပ်ရပ်အား ဆောင်ရွက်နိုင်ရန် အတွက်ဆွေးနွေးခြင်းဖြစ် ကြောင်း၊ ယခုတက်ရောက် လာကြသူများ အားလုံး သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက် လုပ်ရေး၊ ရောင်းဝယ် ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ကိုယ်စားပြု သူများဖြစ်ကြောင်း၊ ယခု အချိန်တွင် မိမိတို့အနေဖြင့် တိုင်းပြည်၏ အခြေအနေအရပ်ရပ် ကြောင့် ယာယီတာဝန် ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် စနစ်တကျဖြစ်စေရေး အတွက် ထိန်းသိမ်း‌ဆောင်ရွက်မည်ဟု ကြေညာထားခြင်း ဖြစ်ကြောင်း၊ ယခုအရေးပေါ် ကာလအတွင်း ပုံမှန်လုပ်ဆောင်နေသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကန့်သတ် ပိတ်ပင်ထားမှုမရှိကြောင်း၊  ယခုအချိန်အထိ တစ် ကမ္ဘာလုံးတွင် COVID-19 ရောဂါကူးစက်မှု ၁၀၄ သန်းကျော်၊ မိမိတို့နိုင်ငံတွင် ကူးစက်မှု ၁၄၀၀၀၀ ကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း၊ မိမိတို့မသိနိုင် သည့်ကူးစက်နေမှုများလည်းရှိနိုင်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါကူးစက်မှုအပေါ် ပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းများ ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်မှုများကိုဆောင်ရွက်ရာတွင် COVID-19 ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေး အတွက် အရှိန်ပြင်းပြင်းနှင့် ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်ချိန်တွင် စီးပွားရေး လုပ်ငန်းများ၊ ပုံမှန်လုပ်ငန်းများကို မထိခိုက် ရန်လည်း ဆောင်ရွက်ရန်လို ကြောင်း၊ COVID -19 ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် လည်း တပ်မတော်မှ များစွာပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် အခြေအနေ အမျိုးမျိုးကို ကြံ့ကြံ့ခံပြီး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ယခုကဲ့သို့ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော်ဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည်ခြင်း မရှိဘဲ၊ ပုံမှန်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်နေ သည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ ကျင့်ဝတ်များနှင့် ပတ်သက်ပြီး လည်း ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် ဆောင်ရွက် နေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခု ဆက်လက်ပြီး ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းမှားယွင်းမှုများကို ဖော်ထုတ်ကာ ရလဒ်အပေါ်မူတည်၍ တာဝန်ရှိသူများကို ရွေးကောက် ပွဲဥပဒေအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲထပ်မံကျင်းပ၍ အနိုင်ရ ပါတီအား ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်ပြုလုပ် ပေးမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ( ၂၀၀၈ ခုနှစ်)တွင် နိုင်ငံတော်အရေး ပေါ်အခြေ အနေပြီးဆုံးပါက ၆ လ တာဝန် ယူပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဆောင်ရွက်ကာ အစိုးရကို အာဏာပြန်လည်လွှဲပြောင်း ပေးရမည် ဖြစ်သည်ဟုပါရှိကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကို လည်း ဖွဲ့စည်းပြီး ဖြစ်ကြောင်း။

ယခုအချိန်တွင်လုပ်ငန်းများရပ်နားထားသဖြင့် အလုပ်လုပ်သူ အခြေခံလူတန်းစား များ ဝင်ငွေမရှိတော့ဘဲ စားသောက်ရေးတွင်အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး လူမှုစီးပွား ဘဝများ ထိခိုက် လာကြောင်း၊ လုပ်ငန်းများရပ်တန့်သွားခြင်းကြောင့် လုပ်ငန်းရှင်များမှ ထုတ်ကုန် ပစ္စည်းများမရှိတော့ဘဲ ရောင်းကုန်ပစ္စည်းများ မရှိတော့ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင် များတွင် လုပ်ငန်းလည်ပတ်ရန်အတွက် ပိုက်ဆံမရှိတော့ဘဲ လုပ်ငန်း ဆက်လက်လည်ပတ်ရန် အခက်အခဲများ ဖြစ်ပေါ်လာကြောင်း၊ အဆိုပါအခက်အခဲများ ကိုကျော်လွှားနိုင်ရန် အတွက် လုပ်ငန်းများအား စည်းကမ်းတကျပြန်လည် လည်ပတ် နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်း များ က စည်းစနစ်တကျကြပ်မတ်၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင် ရွက်ရန်လို ကြောင်း၊ လုပ်ငန်းများကို ပုံမှန်ပြန်လည် လုပ်ဆောင်နိုင်မှသာ အလုပ်သမား၊ အလုပ်ရှင်များ ဝင်ငွေရပြီး နိုင်ငံခြားဝင် ငွေများ ပြန်လည်တိုးတက်လာမည်ဖြစ် ကြောင်း။

ယခုတွေ့ဆုံသူများသည် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နယ်ပယ် အသီး သီးမှ ကိုယ်စားပြုသူများဖြစ်ကြောင်း၊ တိုင်းပြည်၏စီးပွားရေးနှင့်ပတ်သက်ပြီး လူအများမှ ပါဝင် ဆောင်ရွက် နိုင်သည့်၊ လူအများ၏ စားဝတ်နေရေးကို အထောက်အကူ ပြုနိုင်သည့် လုပ်ငန်း များကိုပိုမိုဦးစားပေး ဆောင်ရွက်စေချင်ကြောင်း၊ ဖြစ်နိုင်သည့် နည်းလမ်းများကို တင်ပြ စေချင်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ ရထားလမ်း၊ ကားလမ်းနှင့် လေကြောင်း သွားလာမှုများအား စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထား ကြောင်း၊ ခရီးသွားလာစဉ်ကာလတွင် COVID-19  စည်းကမ်း ချက်များကို လိုက်နာမှုမရှိဘဲ လူအများကို ထိခိုက်စေနိုင်သူများအားထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်စည်းကမ်း မလိုက်နာမှု ကြောင့် အခြားသူများအား အနှောင့်အယှက်မဖြစ်ရန်လိုကြောင်း၊  COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ် သည့်အခြေခံပစ္စည်းများအား တတ်နိုင်သမျှ ဈေးနှုန်း အသက်သာ ဆုံးဖြင့်ဝယ်ယူအသုံး ပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက နိုင်ငံတော်မှ အခမဲ့ပေးဝေနိုင်ရေး ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်း များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း။

ဗုဒ္ဓဘာသာဆိုင်ရာ စေတီ၊ ပုထိုးများနှင့် အခြားဘာသာရေး ဆိုင်ရာ အဆောက် အဦများ ကိုလည်း ဘာသာရေးအခမ်းအနားများပြုလုပ်ခြင်းမှအပ COVID-19 စည်းကမ်း ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့အတူ စက်ရုံ အလုပ်ရုံ များကိုပြန်လည်ဖွင့်လှစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်စေချင် ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများသည် လူအများ၏စားသောက်ရေး အတွက် အထောက် အကူပြုကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလံယံကျော်ရှိပြီး နိုင်ငံတိုင်းတွင် စားနပ်ရိက္ခာ လိုအပ်ချက်များ သည်အမြဲရှိနေကြောင်း၊ အဆိုပါစားနပ် ရိက္ခာ လိုအပ်ချက် များအား မိမိတို့နိုင်ငံမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် စားသောက်ကုန် များ ကို တင်ပို့ရောင်း ချနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့တင်ပို့ ရောင်းချနိုင်ရန် အတွက် မိမိတို့ ၏ စားသောက်ကုန်များသည် အရည်အသွေး ကောင်းမွန် နေရန်လိုပြီး ဓာတုပစ္စည်း ပါဝင်မှုကိုလည်း လက်ခံနိုင်သည့်အခြေအနေကို ကျော်လွန်၍ မရဘဲ ဈေးကွက်မှ လက်ခံ နိုင်သည့် အရည်အသွေးမျိုး ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်နိုင်ပါက အမြတ်ရရှိ ရေးထက် အရေအတွက်ပိုမိုရောင်းချနိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေ အနေတွင် အကျိုးအမြတ်အနည်းဆုံးနှင့် များများ ရောင်းချ နိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

လူအများဆောင်ရွက်ရသည့် အထည် ချုပ်လုပ်ငန်းများကိုလည်း ပြန်လည်လည် ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ကုန်များကို မိတ်ဆွေနိုင်ငံ များမှတစ်ဆင့် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကောလာ ဟလသတင်း များထွက်ပေါ်မှုကြောင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲများ မဖြစ်ပေါ် အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည် စီးပွားရေး ပြန်လည်ဦးမော့လာ စေရန်အတွက် နိုင်ငံတော်အနေဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်၍ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်ခွင့်ပြု ပေးမည်ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်း များကိုလည်း အကန့်အသတ်စနစ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယိမ်းယိုင်နေသည့် စီးပွားရေးများကို ယခုတက်ရောက် လာကြသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှင့် ညီနောင် အသင်းများ၏ အားကိုယူ၍နိုင်ငံတော်၏ စီးပွားရေးပြန်လည်တိုးတက် ကောင်းမွန်လာ အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး များအား ယခင်ဆောင် ရွက်ခဲ့သည့် မူဝါဒများအတိုင်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ် ကြောင်း ပြောကြားသည်။  

ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်း၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်း ရေးမှူး ဒေါက်တာအောင်သိန်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦး ကျော်ဝင်း၊ ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း တို့က အသင်းအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့်အခက်အခဲများ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် ကူညီဆောင်ရွက်ပေးရန်လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမ ံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် အကူအညီများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဓိက မှာကြားလိုသည်မှာ COVID-19 ရောဂါ ဖြစ်ပွား သည့်ကာလအတွင်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များ ကိုလည်း လိုက်နာ သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် ယခု ဆွေးနွေး ပွဲသို့ တက်ရောက် လာသူများအနေဖြင့် တိုင်းပြည်အတွက် ကောင်းစေချင်သည့် စိတ်ဆန္ဒများဖြင့်ပြောဆို ဆွေးနွေးကြသည်ကိုတွေ့ရှိ ရကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအပိုင်း က လုပ်ဆောင် ရမည့် အပိုင်းများရှိသကဲ့သို့ တက်ရောက်လာသူများ အပိုင်းမှ လုပ်ဆောင် ရမည်များလည်းရှိပါကြောင်း။ မိမိတို့အနေဖြင့် လိုအပ်သည်များဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေး အားရုတ်သိမ်းလိုက်ကြောင်းသတင်း ရရှိ သည်။

(သတင်းစဉ်)

ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့