နေပြည်တာ်

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ၏ အသိပေး ကြေညာချက်

မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ် ဆေး ဝယ်ယူရရှိရေးရန်ပုံ​ငွေ (COVID-19 Vaccination Fund) မြန်မာကျပ် ငွေစာရင်း OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 တို့သို့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက် အထိ ပြည်တွင်း / ပြည်ပအလှူရှင် (၇၂၈)ဦးက လှူဒါန်းငွေစုစုပေါင်း

ပိုင်ဆိုင်မှုဖြင့် လူမှုဘဝဂုဏ်သိက္ခာမြှင့်

လူ့ဘဝအတွက်မရှိမဖြစ်လိုအပ်သည့်စားရေး၊ ဝတ်ရေး၊ နေရေး အရေးသုံးပါးတွင် အရေး အကြီးဆုံး အရေးမှာ နေရေးဖြစ်ပါသည်။ နေရေးသည် အိုးအိမ်မြေယာ ပိုင်ဆိုင်မှုကိုဆိုလိုသည်။ အရေးသုံးပါးနှင့်ပတ်သက်၍ မြေပိုင်ဆိုင်ရေးသည် အရေးအကြီးဆုံးကိစ္စဖြစ်ရာ မြေ၏တန်ဖိုး၊ မြေ၏အသုံးဝင်မှု၊ မြေ၏ပြဿနာ ရှုပ်ထွေးမှုတို့ကို ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တတိယမြောက် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်လိုင်စင် ထုတ်ပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေး အစီအစဉ်တွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ (Foreign Bank Branches) ကိုသာ ခွင့်ပြုပေးခဲ့သော်လည်း တတိယအကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအစီအစဉ်တွင် နိုင်ငံခြား ဘဏ် လက်အောက်ခံဘဏ်များ (Foreign Bank Subsidiaries) ကို စတင်ခွင့်ပြု ပေးခဲ့သည်။

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကျင်းပ

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့(၃) ခုအနက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့်ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ဗဟို၀န်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်း ငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီကကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုးက Online မှသင်တန်းဆင်း အမှာစကားပြောကြားသည်။

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အမျိုးသားအဆင့် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။

သင်္ဂဟတရားပွားစီးဝေဆာမင်္ဂလာ

မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ဘာသာတရား အဆုံးအမနှင့်အညီ ယဉ်ကျေးမှု အစဉ်အလာ မြင့်မားသောနိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင်ဟောကြားညွှန်ပြတော်မူသော (၃၈) ဖြာမင်္ဂလာတရားတော် တွင် ပါရှိသည့်အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့ကြသည့်အပြင် သင်္ဂဟ တရား လေးပါးနှင့် ညီညွတ်သော ချီးမြှင့်ထောက်ပံ့စောင့်ရှောက်ကြသည့် မင်္ဂလာအမှု များပြုကြ သဖြင့် နှစ်လိုဖွယ်ရာကောင်းသည့်နိုင်ငံ ဖြစ်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ငလိုက်စခန်းသာဆင်စခန်း တောတွင်းဖြတ်လျှောက်လမ်း (သစ် သား တံတား)နှင့် ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ သည် ယနေ့နံနက်ပိုင်းတွင် ငလိုက်စခန်းသာဆင်စခန်း တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) နှင့် ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Subscribe to နေပြည်တာ်