Skip to main content

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက် လှူဒါန်း

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များနှင့် ကျေးလက်ကျန်းမာရေးဌာန များ၌ ဆေးရုံ တက်ရောက် ကုသမှုခံယူ နေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများက လှူဒါန်းသည့် အာဟာရ ဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော် သားများ က သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ကုတ်တပ်နယ်မှ တပ်မတော်သားများက အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်