နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့၌ အင်အား ( ၈၀၀၊ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့၌ အင်အား ( ၁၀၀၀၀ ခန့်ဖြင့်လည်းကောင်း၊ မလှိုင်မြို့၌ အင်အား ၃၀၀၀ဖြင့်လည်းကောင်း၊ ပျော်ဘွယ်မြို့၌ အင်အား ၂၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီး ထန်းတပင်မြို့၌ အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ကျောက်ကြီးမြို့၌ အင်အား ၂၀၀ ခန့်ဖြင့် လည်းကောင်း၊ သာယာဝတီမြို့၌အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ မိုးညိုမြို့၌ အင်အား ၅၀၀ ခန့်ဖြင့် လည်းကောင်း၊ ဖြူးမြို့၌ အင်အား ၃၀၀၀ |ခန့်ဖြင့် လည်းကောင်း၊ မုန်းမြို့၌ အင်အား ၄၀၀ ခန့်ဖြင့်လည်းကောင်း အသီးသီး ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။ ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ဆောင်ရွက် လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံ ပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆို ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် UEC အသစ်အား ကြိုဆိုပါသည်။ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်း ပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်။ တပ်မတော်နှင့် ပြည်သူသွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ် များကို ကိုင်ဆောင်ကြွေးကြော် ခဲ့ကြသည်။
အများပြည်သူအနေဖြင့် တပ်မတော်က ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှုဖြစ်စဉ် များအပေါ် ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူက ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်