မန္တလေး ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက အမှာစကားပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၅)ရပ်ကို အသေးစိတ်ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဌာနစိတ်အသီးသီးတို့တွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်မပျက် လုပ်ကိုင်နေကြသည်ကို တွေ့ရှိရ သဖြင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ပျက်ကွက်နေသော ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ရှေးရှု၍ မိမိလုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်ရန်နှင့် တာဝန်သိစွာဖြင့် အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်သူများကို တစ်စုံတစ်ရာအရေးယူမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ကြေညာထားသည်ကို တာဝန်ရှိသူအဆင့်ဆင့်က နားလည်သဘောပေါက် စေရန် အသိပေးပြောကြား ပေးလိုကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များကိုလုပ်ကိုင်ဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံး ဖြင့် မိသားစုသဖွယ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အခက် အခဲများရှိပါကလည်း မိမိတို့အနေဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းချက် များနှင့်အညီ လိုက်နာ၍ နိုင်ငံ့တာဝန်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ ထောက်ပံ့ငွေများကိုပေးအပ်ရာ တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဌာနခွဲ(၁) မှ ဝန်ထမ်း ၄၇ ဦးအတွက် ဦးစီးအရာရှိ ဒေါ်ငြိမ်းလှလှအောင်ထံသို့ လည်းကောင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဌာနခွဲ(၂) ဝန်ထမ်း ၃၇ ဦးအတွက် ဦးစီးအရာရှိ ဦးမျိုးနေခြည်ထံသို့ လည်းကောင်း၊ အဖွဲ့ဝင်(၂) ဦးမျိုးအောင်က ဌာနခွဲ(၃) ဝန်ထမ်း ( ၁၀၁ ဦးအတွက် ဦးစီးအရာရှိ ဦးဆန်ဆွန့်ထံသို့ လည်းကောင်း၊ အဖွဲ့ဝင်(၃) ဦးသိန်းဌေးက ဌာနခွဲ(၄) ဝန်ထမ်း ၇၃ ဦးအတွက်ဦးစီးအရာရှိ ဒေါ်နန်းစုစုဇင်ထံ သို့လည်းကောင်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အတွင်းရေးမှူး ဦးမြင့်လွင်က တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးရုံးမှ ဝန်ထမ်း ၄၅ ဦး အတွက်ဒုရဲအုပ်အောင်ကျော်လင်းထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီးတိုင်း ဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌကနိဂုံးချုပ်စကားပြောကြားခဲ့သည်။ ယနေ့ ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီမှ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်းများအား ထောက်ပံ့ ငွေပေးအပ်ရာတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း ၃၀၃ ဦးကို တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းနှင့် ခေါက်ဆွဲခြောက် နှစ်ကာတွန်းစီ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်