Skip to main content

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ) မှ မန္တလေး - ဗန်းမော် သင်္ဘော ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

နေပြည်တော် ဧပြီ ၁၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီ ဌာနခွဲ(မန္တလေး)မှ မန္တလေး - ဗန်းမော် ခရီးလမ်းကို တစ်ပါတ်လျှင်နှစ်ခေါက် (တနင်္လာ ကြာသပတေး) နေ့များတွင် ဂေါဝိန်ဆိပ်ကမ်းမှ နံနက် ၆  နာရီတွင် ထွက်ခွာ၍ ခရီး သည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ပီကြီး/ ပီလတ် ရေယာဉ်အမျိုးအစားများဖြစ်သော နှစ်ထပ်သင်္ဘောများဖြင့် ပုံမှန်ပြေး ဆွဲပေး လျက် ရှိသည်။

ယနေ့ တနင်္လာနေ့တွင် မန္တလေးဆိပ်ကမ်းမှ ဗန်းမော်သို့ ခရီးစဉ်ခေါက်ရေ (၄၈)ကို နံနက် ၆ နာရီတွင် ပြဒါးပျံရေယာဉ်ဖြင့် ခရီးသည် (၂၁)ဦးနှင့် ကုန် (၂၀၇)တန် တင်ဆောင် ပြေးဆွဲပေးခဲ့သည်။ အဆိုပါ ပြဒါးပျံရေယာဉ်သည် ခရီးလမ်းတစ်လျှောက် ကျောက် မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့များတွင် ဆိုက်ကပ်ပြီး ခရီးသည်နှင့် ကုန်တင်ခြင်း/ ကုန်ချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ဗန်းမော်ဆိပ်ကမ်းသို့ ရောက်ရှိ အခြေပြုမည် ဖြစ်သည်။ ဗန်းမော်မြို့ဆိပ်ကမ်းတွင် သယ်ဆောင်လာသော ကုန်စည်များ ကုန်ချခြင်း/ အစုန် ခရီးစဉ်အတွက် ခရီးသည်နှင့် ကုန်များတင်ဆောင်ခြင်းများ လက်ခံ ဆောင်ရွက်ပြီးနောက် သင်္ကြန်ကာလပြီးဆုံးသည့် ဧပြီ ၂၀ ရက် အင်္ဂါနေ့ နံနက် ၆ နာရီတွင် ဗန်းမော်မှ မန္တလေးသို့ ပြန်လည်စုန်ဆင်းမည်ဖြစ်ကြောင်း သိရ သည်။                                             

(သတင်းစဉ်)