Skip to main content

မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့က ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် တွင် ပထမဆုံး ကျင်းပသည့် သာသနာတော်ဆိုင်ရာစာမေးပွဲဖြစ်

နေပြည်တော် ဧပြီ ၁၃

          မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့က ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက် ရာမည နိကာယပရိယတ္တိစာမေးပွဲကြီးကို မတ် ၁၃ ရက်မှ ၁၅ ရက်အထိ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့်တနင်္သာရီတိုင်းဒေသကြီးတို့ရှိ စာဖြေဌာန ၁၂ ဌာနတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

          အဆိုပါ(၃၉)ကြိမ်မြောက် ရာမညနိကာယပရိယတ္တိစာမေးပွဲတွင် ဓမ္မာစရိယတန်း၊ ဓမ္မာစရိယ (ပါဠိဂုဏ်ထူး)၊ ဓမ္မာစရိယ(မြန်မာစာဂုဏ်ထူး)၊ ပထမပြန်(မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ် တန်းနှင့် ပထမကြီးတန်း)အတန်းအသီးသီးသို့ ရဟန်း၊ သာမဏေ၊ သီလရှင်စုစုပေါင်း ၂၀၃၅ ပါး ဝင်ရောက်ဖြေဆို ကြပြီး ၎င်းတို့အနက် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၇၅၂ ပါး အောင်မြင်တော်မူခဲ့သည်။

          အဆိုပါစာမေးပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ပထမဆုံး ကျင်းပသော မွန်ဒေသလုံးဆိုင်ရာ ဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲကြီးဖြစ်ပြီး မြတ်ဗုဒ္ဓသာသနာတော်ကြီး အရှည် ခံ့၍ တည်တံ့နိုင်စေရေးအတွက် ရာမညနိကာယပရိယတ္တိစာမေးပွဲကြီးကို နှစ်စဉ်မပျက်မကွက် ကျင်းပ နိုင်ရန် ကြိုးပမ်းအားထုတ်တော်မူကြပါသော မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့ကြီးထံသို့ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် “ဂုဏပူဇာ မှတ်တမ်းလွှာ” ကို ပေးပို့ထားပါ ကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)