Skip to main content

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မန္တလေး ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ကြီးမှူး ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ( ၁ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကိုယနေ့နံနက် ၈ နာရီတွင် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာရှေ့ ကျုံးတောင်ဘက်ခြမ်း၌ လည်းကောင်း၊ ညနေ ၅ နာရီတွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လည်းကောင်း ကျင်းပသည်။ ။
ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ် ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊  တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မြို့တော်စည်ပင် ဝန်ထမ်းများက ဇီဝိတဒါနအဖြစ် ကျုံးအတွင်းသို့ ငါးသားပေါက် များကို လွှတ်ပေး ကြသည်။
ယနေ့ပြုလုပ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲတွင် အောင်မြေသာစံ မြို့နယ် သရက်ကုန်းငါးလုပ်ငန်း ဦးစီးဌာန၊ ငါးသားပေါက်စခန်းမှ ငါးကြင်းနှင့်ငါးမြစ်ချင်း ငါးသား ပေါက် အကောင်ရေတစ်သောင်း ကို ဇီဝိတဒါနအဖြစ် လွှတ်ပေး ခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေ ၅ နာရီတွင်  အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ဝင်းအတွင်းပြုလုပ်ရာ စံပယ်ရုံ မိုးကုတ်ရိပ်သာ ပဓာနနာယက၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တ ကစ္စာယနအမှူးပြုသော ပင့်သံဃာများ ကြွရောက်တော် မူကြပြီး တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီရုံးမှဝန်ထမ်း များ တက်ရောက်ကြည် ညိုကြ သည်။ ။
ရှေးဦးစွာ စံပယ်ရုံမိုးကုတ် ရိပ်သာ၊ ပဓာနနာယက ဆရာတော်ထံမှ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်အပေါင်းတို့ကငါးပါး သီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှင်သူ မြတ်တို့ ချီးမြှင့်တော်မူသည့် နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ် တရားတော်မြတ်ကို နာယူ ကြည်ညိုကြသည်။ ။
ယင်းနောက် ဆရာတော် သံဃာတော်များအား တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး စံပယ်ရုံ မိုးကုတ်ရိပ်သာ  ပဓာနနာယကထံမှ အနုမောဒနာရေစက်ချတရား နာယူကြည်ညို ကြကာလှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။

သတင်းစဉ်