Skip to main content

ဒုတိယဝန်ကြီး ဦးကိုကိုလွင် သာဂရစက်မှုနယ်မြေရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်() စက်မှုသင် တန်းကျောင်း(သာဂရ) အစည်းအဝေးခန်းမ၌ အမှတ်(၁၄)အကြီးစား စက်ရုံ၊ အမှတ်(၁၅) အကြီးစား စက်ရုံနှင့် အမှတ်(၂၆) အကြီးစားစက်ရုံတို့မှ ဝန်ထမ်း များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် သုတေသနများပြုလုပ်ခြင်း၊ စံချိန်စံညွှန်းများရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ စက်မှုဇုန်များဖွံ့ဖြိုးရေးနှင့် စက်မှုလုပ်ငန်းများ ကြီးကြပ်စစ်ဆေး ဆောင်ရွက်ခြင်းဖြင့် Regulatory Body အဖြစ် ရပ်တည် နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်း လျှော့ချ၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် Private Public Partnership - PPP အဖြစ် အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ သာဂရစက်မှုနယ်မြေရှိ စက်ရုံ၊ အလုပ်ရုံများအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင် ရွက်ရန် EoI ခေါ်ယူခဲ့သော် လည်း လျှောက်ထားတင်ပြလာသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ မရှိခဲ့ပါကြောင်း၊ အချို့နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို နိုင်ငံတော်အတွက် အကျိုးရှိအောင် အသုံးချနိုင်မည့် အခြားသင့်လျော်သည့် ဝန်ကြီးဌာနတစ်ခုခုက တောင်းခံလာ ပါက လွှဲပြောင်း ပေးရမည်ဖြစ် ကြောင်း။

 ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများအတွက် Management နှင့် Operation System သာ ပြောင်းလဲ သွားမည်ဖြစ်ပြီး မိမိတို့၏ မူလတာဝန်များ ကိုသာ ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် Active ပြန်လည် ဖြစ်လာ မည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူ ဖြစ်စေရန် စက်မှု သင်တန်း ကျောင်းများမှလည်း စက်မှုကျွမ်းကျင်လုပ်သား များကို လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းနှင့် နိုင်ငံ့ ဝန်ထမ်းများကို Up Skilling နှင့် Re Skilling များ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် ရာထူးအနွယ်ပိုင်ဆိုင်ခွင့်၊ အလုပ်ခွင်တည်မြဲခွင့် ရရှိမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ ကျွမ်းကျင်တတ်မြောက်ထားသည့် ပညာရပ် များကို နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အကျိုး ရှိအောင် အသုံးပြု သွား ရမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များကို ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

 (သတင်းစဉ်)