နေပြည်တော် မေ ၁၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် မေ ၁၁ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သစ်တောဦးစီးဌာနက တည်ထောင်ထားသော ဝါးကတုတ်ပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ၂၀၂၁ မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိသည့် နှစ်ပေနှင့်အထက် ပျိုးပင် ၂၀၀၀၀ အပါအဝင် သစ်မျိုးစုံပျိုးပင် ၃၅၀၀၀ ပျိုးထောင်ထားရှိမှု ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေး ကျွန်းစိုက်ခင်းဧက ၄၄၁၀ ၊ ကျေးရွာသုံးထင်းစိုက်ခင်းဧက ၄၀၀၊ ရေဝေရေလဲစိုက်ခင်း ဧက ၅၀ နှင့် မိုးရာသီလူထုဖြန့်ပျိုးပင် ၁၄ သိန်း လျာထားဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ အကွက် အမှတ်-၁၀၁ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းအများနှင့် ဆိုင်သော ကုမ္ပဏီ လီမိတက်က တည်ထောင်စိုက်ပျိုးထားသည့် ၂၀၀၉ ခုနှစ်၊ ကျွန်းစိုက်ခင်းဧက ၃၀၀ သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆောင်ရွက်မည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအောင်မြင် ဖြစ်ထွန်းနေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)