လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန်အတွက်ခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။ ဆက်လက်၍လည်း အစဉ်မပြတ် နေ့ညမလပ်၊ ရာသီဥတု၊ အချိန်အခါမရွေး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး လျှပ်စစ်ဓာတ်အား အကောင်းဆုံး ဝန်ဆောင်မှုရစေရန် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထိုသို့ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မိဘပြည်သူများ လုံခြုံစိတ်ချ အပြည့်အဝရသည့် လျှပ်စစ်ဓာတ်အားကို နေ့စဉ်မပြတ်ရရှိစေရန်အတွက် နိုင်ငံပိုင်လျှပ်စစ် ဓာတ်အားပေးစက်ကြီးများမှ လျှပ်စစ်ဓာတ်အားများကို ထုတ်လွှတ်ပေးလျက်ရှိသည့် အပြင် ပုဂ္ဂလိကပိုင် လျှပ်စစ်ဓာတ်အားပေးစက် များမှတစ်ဆင့် ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိသည်။ မိဘပြည်သူနေအိမ်များမှ လျှပ်စစ်ဓာတ်အား တစ်ယူနစ်သုံးစွဲတိုင်း ကုန်ကျစရိတ်များကို နိုင်ငံတော်မှ အကုန်အကျခံကာ ဆောင်ရွက်ပေးလျက် ရှိသည်။
လျှပ်စစ်ဓာတ်အားများကို စဉ်ဆက်မပြတ်ထုတ်လွှတ်ပေးနိုင်ရန်အတွက် မိဘ ပြည်သူနေအိမ်များက သုံးစွဲခဲ့သည့် ယူနစ်ပမာဏအလျောက် ကျသင့်ဓာတ်အားခ များကို လစဉ်လျှော့ပေါ့နှုန်းထားနှင့်အတူ အချိန်မှန်ကောက်ခံကာ ဓာတ်အား လည်ပတ်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ မိဘပြည်သူနေအိမ်များသို့ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ရာတွင် ကုန်ကျစရိတ်နှင့် ဝယ်ယူစရိတ်များရှိသဖြင့် ဓာတ်အား ခများကို အချိန်မှန်ပေးသွင်းမှသာလျှင် လျှပ်စစ်ဓာတ်အားများကို စဉ်ဆက်မပြတ် ဝယ်ယူထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။
ယခုအခါတွင် မသမာသူအဖျက်သမားများက အခွန်အခနှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ နိုင်ငံတော်သို့ ပေးဆောင်ရန်ရှိသည့် အများပြည်သူဝန်ဆောင်မှုအခကြေး ငွေများကို ပေးဆောင်ခြင်းမပြုရန် သွေးထိုးလှုံ့ဆော်ပေးလျက်ရှိရာ အချို့သောမိဘ ပြည်သူများက နားယောင်ပြီး ပေးဆောင်ခြင်း မရှိသော်လည်း တာဝန်သိစွာဖြင့် ကျသင့်အခွန်အခများကို ပေးဆောင်ကြသော မိဘပြည်သူများ ရှိနေသည်ကို တွေ့ရပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ လိုအပ်သည့် ဝန်ဆောင်မှုများနှင့် အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသူ နိုင်ငံသားများကလည်း တာဝန်သိစွာဖြင့် ကျသင့်အခွန်အခငွေကြေးများကို ပေးဆောင်ခြင်းအားဖြင့် နိုင်ငံသားတာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့လိုအပ်ပါသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအနေဖြင့် မိမိတို့လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရန် သုံးစွဲခဲ့သော ဓာတ်အားခကျသင့်ငွေများကို လအလိုက် တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးထားသည့်အတိုင်း သတ်မှတ်ရက်များအတွင်း ပေးဆောင်ရန် လိုအပ်ပါသည်။ ထိုသို့ပေးဆောင်ရာတွင် မိုဘိုင်းလ် ဘဏ်စနစ်ဖြင့် လည်းကောင်း၊ လူကိုယ်တိုင် သက်ဆိုင်ရာဌာနများတွင်လည်းကောင်း ပေးသွင်းနိုင် ကြပါသည်။ အကယ်၍ လစဉ်မီတာခကျသင့်ငွေများကို ပေးသွင်းခြင်းမရှိပါက လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အားဖြတ်တောက် အရေးယူခြင်းခံရနိုင်သည် ဖြစ်ရာ အရေးယူခြင်းမခံရစေရန်အတွက် သတ်မှတ်ကျသင့်သည့် မီတာခကျသင့်ငွေ များကို အချိန်မီပေးဆောင်ကြရန် တိုက်တွန်းအပ်ပါသည်။
မိဘပြည်သူများအနေဖြင့် နိုင်ငံတော်သို့ ကျသင့်အခွန်အခများပေးဆောင်ခြင်း၊ ရေ၊ လျှပ်စစ်၊ သန့်ရှင်းရေးစသည့် အခွန်အခကျသင့်ငွေများကို ပုံမှန်ပေးဆောင်ခြင်းသည် နိုင်ငံသားတစ်ယောက်၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းများ ဖြစ်သလို မိဘပြည်သူများ၏ အကျိုးစီးပွားများ၊ လိုအပ်သည့် လူမှုဝန်ဆောင်မှုများကို နိုင်ငံတော်အနေဖြင့် အပြည့်အဝပြန်လည် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ အကယ်၍ မိမိတို့ဝန်ဆောင်မှုရယူခဲ့သည်များကို တာဝန်ကျေပွန်စွာ ပြန်လည်ပေးဆောင် ခြင်းမရှိပါက ပြဋ္ဌာန်းထားသော ဥပဒေနှင့်ငြိစွန်းသည့်အပြင် မိဘပြည်သူများပင် အခက်အခဲများ ရှိလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ယခုအခါတွင် အစွန်းရောက်နိုင်ငံရေးသမားများ၊ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ်လိုသူများက အစိုးရအုပ်ချုပ်ရေးယန္တရား မလည်ပတ်စေရန်အတွက် ဖျက်လို ဖျက်ဆီးလုပ်ရပ်များကို တစိုက်မတ်မတ် လုပ်ကိုင်လျက်ရှိရာ မိဘပြည်သူများအား ဒီမိုကရေစီနိုင်ငံနှင့် မဆီလျော်သည့် မှားယွင်းသော လုပ်ဆောင်မှုများကို လုပ်ဆောင် ရန် စည်းရုံးခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ အချို့မိဘ ပြည်သူများအနေဖြင့် မသမာသူများ၏ စည်းရုံးမှုများကို နားယောင်ပြီး တာဝန် သိသော နိုင်ငံသူ နိုင်ငံသားတစ်ယောက်အဖြစ်မှ သွေဖည်၍ မပြုလုပ်သင့်သော
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရ၏ အကျိုးစီးပွားသက်သက် အတွက် နိုင်ငံတော်ကို တာဝန်ယူနေခြင်းမဟုတ်ဘဲ နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူများအကျိုးစီးပွားအတွက် လိုအပ်သော ကိစ္စအဝဝတို့ကို ဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ကို နားလည်စေလိုပါသည်။ အကယ်၍ မိမိတို့ နေ့စဉ်လူမှုဘဝ အဆင်ပြေစေရန် သုံးစွဲလျက်ရှိသော မီတာခကျသင့်ငွေများကို ပေးဆောင်ခြင်းမပြုပါက လျှပ်စစ်ဥပဒေနှင့် ငြိစွန်းပြီး မိမိတို့သာ အမှောင်ထဲတွင် အဆင်မပြေစွာ နေထိုင်ကြရမည်ကို သတိချပ်ရန်လိုမည်ဖြစ်ပါကြောင်း။ ။