Skip to main content

ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းရောဂါများဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်

ဆောင်းရာသီကာလအတွင်းတွင် အအေးမိခြင်း၊ တုပ်ကွေးရောဂါဖြစ်ပွားခြင်း၊ လေပြွန်ရောင်ရမ်း ခြင်း၊ ဓာတ်မတည့်မှုကြောင့် နှာရည် ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းနှင့် အဆုတ်ရောင် ရောဂါစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်များလေ့ ရှိပါသည်။

▲ ရောဂါလက္ခဏာများ▲

အဓိကဖြစ်ပွားတတ်သော ရောဂါလက္ခဏာများမှာ -

        - ဖျားခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချမ်းတုံခြင်း၊ ကိုယ်လက် ကိုက်ခဲနာကျင်ခြင်းတို့ဖြစ်ကြပါသည်။

▲  ရောဂါကူးစက်ပုံ▲

       - ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါပိုးအပါအဝင် ရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ကူးစက်ပျံ့နှံ့စေခြင်းနှင့် ရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့် ကိုင်တွယ်ထိတွေ့ ရာမှတစ်ဆင့် ရောဂါကူဆက်နိုင်ပါသည်။

▲ ရောဂါကာကွယ်ခြင်းနည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရန်အချက်များ ▲

   -     နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊

   -     လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း

   -     တစ်ကိုယ်ရေသန့်ရှင်းမှု ပြုဆောင်ရွက်ခြင်း၊

  -     ကောင်းစွာ အိပ်စက်အနားယူခြင်း၊

  -      အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊

  -      ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း။

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ တွေ့ရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်မာရေးဝန်ထမ်းများထံ သတင်းပို့၍ကုသမှုခံယူပါ၊ အခြားသူများထံသို့ ရောဂါမကူးစက်စေရန် နှာခေါင်းနှင့်ပါးစပ် လုံခြုံအောင် ဖုံးအုပ်ထားသော မျက်နှာဖုံးအကာအကွယ်ကို အသုံးပြုပါ။ အလုပ်မှ အနားယူပါ လူစုလူဝေးရှိရာအရပ်သို့ သွားရောက်ခြင်းအား ရှောင်ကြဉ်ပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန