Skip to main content

မူးယစ်ဆေးဝါးအလွဲသုံးမှုကို ဆန့်ကျင်တိုက်ဖျက်

 
ယနေ့သည် (၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ ဤနေ့တွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို လူညွန့်တုံးအောင် ဖျက်ဆီးလျက်ရှိသော မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှုများကို ကမ္ဘာ့နိုင်ငံအသီးသီးက အသိပညာပေးပိုင်းဝန်းလှုံ့ဆော် ပေးကာ ထိရောက်စွာတိုက်ဖျက်နိုင်ရေး ဆောင်ရွက်ကြခြင်းကို ရည်ညွှန်းသောနေ့ ဖြစ်သည်။
 
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းအားလုံးနီးပါးတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကား သုံးစွဲမှုများမှာ တစ်နေ့တခြား တိုးပွားများပြားလာပြီး အထူးသဖြင့် လူငယ်လူရွယ် များ၏ ပတ်ဝန်းကျင်တွင် ဆိုးကျိုးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့ကြောင့် လူမှုဘဝပတ်ဝန်းကျင်၊ လူငယ်လူရွယ်များ၏ဘဝများနှင့် အသက် အန္တရာယ်တို့ကို အချိန်မီကယ်တင်နိုင်ရန်အတွက် နိုင်ငံအစိုးရများက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲလျက် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက် စွာကာကွယ်နိုင်ရန် အရှိန်အဟုန်မပျက် ရှာဖွေတိုက်ဖျက် နေကြသည်။
 
မူးယစ်ဆေးဝါးအန္တရာယ်သည် တစ်စတစ်စကြီးမားလာသောကြောင့် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့တွင် ဆုံးဖြတ် ချက်အမှတ် ၄၂/၁၁၂ကို ချမှတ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှစတင်၍ ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားများကို ကျင်းပလာခဲ့ရာ ယခုအခါ (၃၄) ကြိမ် ရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် နည်းပညာများအချိန်နှင့်အမျှ တိုးတက်လာမှုနှင့်အတူ ဘိန်းကိုအခြေခံ၍ စတင်အသုံးပြုခဲ့သည့် မူးယစ်ဆေးဝါးပစ္စည်းအမျိုးမျိုးကို အဆင့်မြင့်သထက်မြင့်အောင် တိုးတက်ထုတ်လုပ်လာကြသည်။
 
မူးယစ်ဆေးဝါးကို မူလအစက လူသားတို့၏ စိတ်ခံစားချက်သက်သက် အတွက် အသုံးချသုံးစွဲလာကြရာမှ နောက်ပိုင်းတွင် စိတ်ကြွဆေးပြားများအဖြစ် ထုတ်လုပ် လာခဲ့ရာ ဒုစရိုက်နယ်ပယ်များတွင်ပါ အသုံးချလာကြ သည်ကို မြင်တွေ့နေရ ပါသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများသည် သုံးစွဲသူတို့၏ အသက် အန္တရာယ် ကျန်းမာရေးတို့ကိုသာမက ရာဇဝတ်မှုအန္တရာယ်အတွက်ပါ စိန်ခေါ်မှုများရှိလာပါသည်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကား သုံးစွဲသူများသည် ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်လာကြသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးသည် လူ့ဘောင်လောကတစ်ခုလုံးကို ခြိမ်းခြောက်လာခဲ့သည်။
 
မူးယစ်ဆေးဝါးပြဿနာသည် နယ်ချဲ့တို့၏ဆိုးမွေ ဘိန်းစိုက်ပျိုးသုံးစွဲခြင်းမှ စတင်ပေါ်ထွက်လာသော ပြဿနာဖြစ် သည်။ လွတ်လပ်ရေးရပြီးနေနောက်ပိုင်း၌ နယ်မြေဒေသအေးချမ်းသောနယ် စပ်ဒေသများတွင် မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်မှုများ တွင်ကျယ်လာခဲ့ပြီးနောက် “ယနေ့အခါတွင် နိုင်ငံ တစ်ဝန်းသာမက ကမ္ဘာတစ်ဝန်းတွင်ပါ အမြစ်မဖြတ်နိုင်သောပြဿနာဖြစ် လာသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများအား ရောင်းဝယ်ဖောက်ကားမှုသည် တရားမဝင်ငွေကြေးများကို လွယ်လွယ်ကူကူ ထိထိရောက်ရောက်လာ ကြသဖြင့် ဒုစရိုက်လုပ်ငန်းများ၊ အကြမ်းဖက်လုပ်ငန်းများတွင် အသုံးချလာကြသည့် အရင်း အမြစ်များအဖြစ် တလွဲအသုံးပြုလာကြသည်။
 
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးပြဿနာကို တားဆီးနှိမ်နင်း ရာ၌ အဓိကမှာ ပင်ရင်းဇာစ်မြစ်ကို ကိုင်တွယ်နိုင်ရန်အရေးကြီးသည်။ ပင်ရင်း ထုတ်လုပ်သူ၊ သိုလှောင်သူ၊ ဖြန့်ဖြူးသူတို့ကို အဓိကထားတိုက်ဖျက်ခြင်းဖြစ် သည်။ ယခုအခါတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိရာ၌ ဖမ်းဆီးရမိသည့်အမှုကြီးများအား ကွင်းဆက်မပြတ်စေရန် အရေးကြီး သည်။ ကွင်းဆက် ပြတ်နေသော အမှုကြီးများကို ထုတ်ဖော်ဖမ်းဆီးနိုင်ပါက မူးယစ် ဆေးဝါးပြဿနာသည် လျော့ကျသွား နိုင်ဖွယ်ရှိသည်။
 
မူးယစ်ဆေးဝါးပြဿနာသည် သုံးစွဲနိုင်ရေးသက်သက်မဟုတ်တော့ဘဲ မူးယစ် ဆေးဝါးလုပ်ငန်းမှရရှိသော ငွေကြေးနှင့် အကျိုးအမြတ်တို့သည် ကမ္ဘာ့နိုင်ငံများအား ကြီးမားသောစိန်ခေါ်မှုဖြစ်လာသည်။ မူးယစ်ဆေးဝါးမှ ရရှိသည့် အကျိုးအမြတ် များသည် အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ရောင်းဝယ်မှု၊ လူကုန် ကူးမှု၊ အစွန်းရောက် အဖျက်လုပ်ရပ်များ၊ အကြမ်းဖက်မှုများ၊ လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လက်နက်မှောင် ခိုမှုနှင့်ပင်လယ်ဓားပြမှု စသည့်နိုင်ငံဖြတ်ကျော် မူခင်းများအထိ အရှိန်အဟုန်မြင့်ကာ ကျယ်ပြန့်လာနေသည်ကို ဖြစ်စဉ်များအရ မြင်တွေ့နေရသည်။ - မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်များကို ပျက်စီးစေနိုင်သည် သာမက တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုတို့ ကိုပါ ခြိမ်းခြောက်လာ သည်ဖြစ်၍ ဘိန်းစိုက်ပျိုးမှု၊ စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာများကို ထိရောက်စွာတိုက် ဖျက်ကြရန် လိုအပ်လာ ပြီဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက မူးယစ်ဆေးဝါးပြဿနာများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထုပူး ပေါင်းပါဝင်ကူညီမှုဖြင့် တိုက်ဖျက်ကြကာ အေးချမ်းသာယာဝပြောသောနိုင်ငံဖြစ်အောင် တည်ဆောက် ကြရမည် ဖြစ်ပါ ကြောင်း။