Skip to main content

အိန္ဒိယနိုင်ငံ၏ Khalsa Aid India ဆစ်ခ် လူမှုအဖွဲ့အစည်းမှ လှူဒါန်းသည့် Oxygen Concentrators အလုံး(၅၀)ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းလက်ခံ

နေပြည်တော် ဇူလိုင် ၂၄

 

မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစီအမံများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် Oxygen Concentrators အလုံး(၅၀)ကို အိန္ဒိယနိုင်ငံမှ Khalsa Aid India ဆစ်ခ် လူမှုအဖွဲ့အစည်းက ဇူလိုင် ၂၀ ရက်တွင် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ပြီး မြန်မာသံအမတ်ကြီးက လက်ခံခဲ့သည်။

 

အဆိုပါ Oxygen Concentrators အလုံး(၅၀) ကို ယနေ့တွင် နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာအမျိုးသား လေကြောင်းလိုင်းကယ်ဆယ်ရေး လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လွှဲပြောင်းလက်ခံ ရယူခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်