တာချီလိတ် ဖေဖော်ဝါရီ ၁၉
ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှု ဖူလုံရေးနှင့် အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်းနိုင်ငံ (မြောက်ပိုင်း)ချိန်းရိုင်းခရိုင် Wang Come ဟိုတယ် ၌ ကျင်းပရာ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ အစိုးရ မဟုတ်သော အဖွဲ့အစည်း ၁၂ ဖွဲ့ ကိုယ်စားလှယ်များ၊ ချိန်းရိုင်း၊ မယ် ကျန့်၊ ချိန်းဆဲန်၊ မယ့်စလောင်း၊ မယ်ဆိုင်ဒေသများမှ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ချိန်းရိုင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန မှူး Mr. Chalome Phol က နှုတ်ခွန်းဆက် စကားပြောကြားပြီး ထိုင်းနိုင်ငံဘုရင် မင်းမြတ်က ၂၀၁၉ ခုနှစ်တွင် အသစ် ပြဋ္ဌာန်းပေးခဲ့သည့် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေ ၆/၁ (၂၀၁၉) အား အခြေပြုကာ Mae Fah Luang University မှ သုတေသနအရာရှိ Mr. Suebsakun Kidnukorn ဦးဆောင်ပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်းမှ ကိုယ်စား လှယ်ငါးဦးက ရွှေ့ပြောင်းလုပ်သား များနှင့် ၎င်းတို့၏ မိသားစုများအား ပညာရေး၊ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေးနှင့် မီးဖွားခွင့် ဆိုင်ရာ လူမှုဖူလုံရေး အစီအမံများ၊ လူကုန်ကူးခံရမှု၊ အလုပ်သမားအခွင့် အရေးများ ဆုံးရှုံးရမှု၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ အကြား ဖြစ်ပွားတတ် သည့် ပြဿနာများအား ညှိနှိုင်း ဆောင်ရွက်ပေးမှုများကို ဆွေးနွေး ကြကာ တက် ရောက်လာကြသူများ က ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် အစုအဖွဲ့ ခြောက်ဖွဲ့ခွဲကာ 3D(Dirty Job, Dangerous Job, Demanding or Difficult Job) ဆွေးနွေးပွဲအား အစုအဖွဲ့အလိုက် အသေးစိတ် ဆွေးနွေးကြပြီး ထွက်ပေါ်ရရှိလာ သည့် ဆွေးနွေးချက်နှင့် အကြံပြုချက် များအား စုပေါင်းသုံးသပ်ကြကာ ရှေ့ လုပ်ငန်းစဉ်များနှင့် အကြံပြုချက်များအား ချမှတ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မောင်ယဉ်ကျေး