အမှောင်ခွင်း၍ အလင်းဆောင်သည့်စာပေဗိမာန်နှင့်တစ်သက်တာစာပေဆု
နှစ်ပေါင်း တစ်ထောင်နီးပါး သက်တမ်း ရှိခဲ့ပြီဖြစ်သည့် မြန်မာစာပေသည် မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာ၏ ပင်ပမဏ္ဍိုင်အဖြစ် ဝင့်ထည်စွာ တည်ရှိ နေပြီဟု ဆိုရမည်ဖြစ်သည်။ အသိဉာဏ်အမြင် ပွင့်လင်းစေသကဲ့သို့ ဆင်ခြင်တွေးခေါ်မှု အတွက်လည်း အားဆေးသဖွယ် ဖြစ်သည့် စာပေသည် နိုင်ငံတိုင်းအတွက် ဂုဏ်ယူဖွယ်ရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်လေသည်။
မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် အသင်းအဖွဲ့ပုံစံဖြင့်တည်ဆောက်ခဲ့သည့် “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း ကြီးသည် ၁၉၄၈ ခုနှစ် မေလတွင်(၁၉၄၈-၁၉၆၁)၊ “အနုပညာဆိုင်ရာ စာပေဆု” (၁၉၆၂-၁၉၆၄)၊ “အမျိုးသား စာပေဆု” (၁၉၆၅) စသည်ဖြင့် ဆုအမည် နှင့် ဆုအမျိုးအစားကို အဆင့်ဆင့် ပြောင်းလဲခဲ့သည့်အပြင် ဆုငွေများကို လည်း တိုးမြှင့်ချီးမြှင့်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် တိုင်ခဲ့ပြီဖြစ်ပါ သည်။
၂၀၀၁ ခုနှစ်မှစတင်၍ ၂၀၁၉ ခုနှစ် အထိ အမျိုးသားစာပေတစ်သက်တာ ဆုရှင် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၃၁ ဦး ပေါ်ထွန်းခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး၊ ဆရာမကြီး ၃၁ ဦးတွင် (၁၆ ဦးမှာ သက်ရှိထင်ရှားရှိပြီး ၁၅ဦးမှာ ယနေ့မျိုးဆက်သစ် လူငယ်များကို လက်ဆင့်ကမ်း အမွေပေးခဲ့ကာ စာပေလောကကို ကျောခိုင်း ထွက်ခွာ ကွယ်လွန် သွားခဲ့ပြီဖြစ်ပါသည်။ ထိုသို့ ကွယ်လွန်သွားခဲ့သည့် စာရေးဆရာကြီး (၁၅)ထဲဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။
၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုတွင် စာပေပညာရှင်ကြီး သုံးဦးကို ရွေးချယ် ခဲ့ခြင်းသည် မြန်မာ စာပေလောက၌ ပထမဆုံးအကြိမ်ဖြစ် သောကြောင့် ထူးခြားဖြစ်စဉ်တစ်ခု ဟူ၍ ဆိုရမည်ဖြစ်သည်။ ထိုထူးခြားသည့် ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသည့်ဆရာကြီး၊ ဆရာမကြီးများထဲတွင် ဆေးလိပ်သောက်သုံးမှု တားဆီး ကာကွယ် ဆန့်ကျင်ရေး လုပ်ငန်းများကို အကောင် အထည်ဖော်ရန် ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်အကုန်အကျခံ၍ တတ်စွမ်း နိုင်သမျှ အားလုံးလုပ်ဆောင်ခဲ့သူ၊ သိပ္ပံနှင့်နည်းပညာကို တစ်ခေတ်ဆန်းသစ်စေရန် ၁၉၈၀ ပြည့်နှစ် အောက်တိုဘာလမှ စတင်ကာ ၂၆ နှစ်ကြာအောင် တက်စုံရွက်စုံဖွင့်ကာ သမိုင်းမှတ်တိုင် တစ်ရပ် ' အဖြစ် အောင်လံလွှင့်ထူနိုင်ခဲ့သူ သိပ္ပံမဂ္ဂဇင်း၏ ပဲ့ကိုင်ရှင် ဦးတင်မောင်ခေါ် ဆရာကြီး သိပ္ပံမှူးတင်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ပါသည်။
ဆရာကြီး၏ ဘဝကြေးမုံပြင်
ဆရာကြီး သိပ္ပံမှူးတင်ကို အဖ ဦးလေးမောင်၊ အမိ ဒေါ်စောမေတို့က ၁၉၂၄ ခုနှစ် မေလ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၀ ယောက် အနက် ဒုတိယမြောက်သား ဖြစ်သည်။ ' အမည်ရင်းမှာ ဦးတင်မောင်ဖြစ်ပြီး ငယ် နာမည်မှာ မောင်ဘအေး ဖြစ်ပါသည်။ငယ်စဉ်က မိုးကုတ်မြို့ လှည်းဝိုင်းရပ်ရှိ ဆရာမှိုင်းကျောင်းတွင် စတင်ပညာသင်ကြား ခဲ့သည်။ ၁၉၃၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အထိ ကသာမြို့တွင် လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင် မန္တလေးမြို့၌ လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြစ်ကြီးနားမြို့တွင် လည်းကောင်း ပညာသင်ကြားခဲ့သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ၌ မြစ်ကြီးနားမြို့ ကျောင်းသား သမဂ္ဂကော်မတီဝင်အဖြစ် လည်းကောင်း၊ ၁၃၀၁ ခုနှစ်တွင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် (မန္တလေးမြို့ အမျိုးသားအထက်တန်း ကျောင်းသားဘဝတွင် ဆရာကြီးဦးရာဇတ်၏ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး မြေအောက်တော်လှန်ရေးတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ မန္တလေးမြို့တွင် ဖွင့်လှစ်သော ဘီအိုင်အေစစ်ကြောင်း ဗိုလ်လင်းယုန်တပ်တွင် အမှုထမ်းခဲ့သည်။ စစ်အတွင်း မြို့ရွာ ငြိမ်းချမ်းရေး အတွက် အုပ်ချုပ်ရေးတွင် အားကြိုးမာန်တက် ပါဝင်ခဲ့သည်။ ဂျပန်ခေတ်၌ ဖွင့်လှစ်သော မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ပထမပတ်တွင် လည်းကောင်း၊ မင်္ဂလာဒုံ စစ်ဦးစီးတက္ကသိုလ် ဆဋ္ဌမပတ်တွင် လည်းကောင်း တက်ရောက်ခဲ့ပါသည်။
၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်၏ ပထမဆရာကြီးသိပ္ပံမှူးတင် ပတ်သင်တန်းသို့ တက်ရောက်ခဲ့ သည်။ ၁၉၄၆ ခုနှစ်တွင် ဒုတိယဗိုလ်ဖြစ်ပြီး အမှတ် (၄) သေနတ်ကိုင်တပ်ရင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် တွင် အိန္ဒိယနိုင်ငံ ဘယ်ကလိုမြို့၌ စစ်အင်ဂျင်နီယာ တပ်စုမှူးသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်ပြီး သားသမီး ခြောက်ဦး ထွန်းကားခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ ပူးနားမြို့အနီး ကာကီတက္ကသိုလ်၌ စစ်အင်ဂျင်နီယာ တပ်ခွဲမှူး သင်တန်း တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ကိုက် ၃၀၀ အကွာအဝေးသို့ ပစ်လွှတ်နိုင်သည့် ဒုံးပျံကို မြန်မာနိုင်ငံတွင် ပထမဆုံး တီထွင်ခဲ့သူ ဖြစ်သည်။ ၁၉၅၃ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ပူးနားမြို့အနီး ကာကီတက္ကသိုလ်ရှိ စစ်အင်ဂျင်နီယာ ဒီဂရီကောလိပ်တွင် သုံးနှစ် သင်တန်းတက်ရောက်ခဲ့သည်။
သင်တန်းတက်နေစဉ် ပထမ Course ပြီး၍ စာမေးပွဲစစ်ရာ စစ်ဗိုလ် အငယ်များကြားတွင် အိမ်ထောင်ရှင် ဆရာကြီးက စာမေးပွဲကျခဲ့ သည်။ကျောင်းအုပ်ကြီးက “မေဂျာတင်မောင်၊ မင်း စာမေးပွဲကျတယ်။
ဒါပေမယ့် ငါတို့ဆီမှာ အခက်ဆုံးဖြစ်တဲ့ ပုံဆွဲဘာသာရပ်မှာ မင်းကဂုဏ်ထူးတောင်ရတယ်။ မင်းပြန်မလား၊ ဆက်ဖြေမလား” ဟု ခေါ်မေးခဲ့သည်။ ဆက်မည်ဟု ပြောခဲ့ချိန်မှစ၍ အုန်းသီးကို ခေါင်းအုံးလုပ်ပြီး စာကျက်ခဲ့ သောကြောင့် စာမေးပွဲအောင် ခဲ့သည်။ အဆိုပါ အကြောင်းအရာများကို အိန္ဒိယ မှာပင် မွေးဖွားခဲ့သည့် ဆရာကြီး၏ လက်ရုံးကိုယ်ပွားဖြစ်သော သိပ္ပံမဂ္ဂဇင်း ၏ စာတည်းအဖြစ် တာဝန်ယူဆောင် ရွက်ခဲ့သူ သားအငယ်ဆုံး ဦးတင်မောင် ထူးက ပြောပြခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံလွတ်လပ်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတို့ကြောင့် ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်ရရှိခဲ့သည်။ ထိုနှစ်တွင် မေမြို့ဗဟို အင်ဂျင်နီယာတပ်၌ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံ များသို့ သွားရောက်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် သမဝါယမ အထူး အရာရှိအဖြစ် ဆောင်ရွက်ပြီး ဥရောပ ကိုးနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည်။
နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံများရှိ နို့စက်ရုံ၊ ကြက်သား၊ ကြက်ဥ၊ဝက်သား စက်ရုံများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။ ဘီအိုင်အေ၊ဘီဒီအေ၊ ပီဘီအက်ဖ် နှင့် ဗမာ့တပ်မတော်တွင် ၂၃ နှစ် အမှုထမ်းခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဗိုလ်မှူးဘဝ ဖြင့် အငြိမ်းစားယူခဲ့သည်။ ၁၉၆၉ ခုနှစ်မှ စတင်ကာ ၁၉၇၅ ခုနှစ်အထိပို့ဆောင်ရေး ကိုယ်စားလှယ် ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် နိုင်ငံတော်က ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ရရှိခဲ့ပါသည်။
ဆရာကြီးကို ထုဆစ်ပုံဖော်ပေးခဲ့ကြသူများ၊ ဆရာကြီးကို လူငယ်ပီပီ စွန့်စွန့် စားစား စူးစူးစမ်းစမ်း လုပ်ကိုင်လိုစိတ်ရှိ ရန် ဆရာကြီး၏ဘကြီး ဦးညွန့်က လမ်း ညွှန်ပေးခဲ့သည်။ ဘကြီး၏ လမ်းညွှန်ပေး မှုနှင့် ခက်ခဲနက်နဲလှသည့် သိပ္ပံကို စိတ်ဝင်စားသည့်ဆရာကြီး၏ ဝါသနာက ထပ်တူကျခဲ့သည်။ စက်မှုကိုနိုင်နင်းမှ စက်မှုနိုင်ငံဖြစ်မည်ဟု ခံယူထားသောကြောင့် အမိနိုင်ငံတော်တွင် စက်မှု တိုးတက်စေချင်သည့်ဆန္ဒ ဆရာကြီးတွင် သန္ဓေတည်ခဲ့သည်။
ဆရာကြီးကို ငယ်ရွယ်စဉ်မှစ၍ အင်္ဂလိပ်စာကို စိတ်ဝင်စားပြီး လေ့လာ သင်ယူလိုစိတ် မျိုးစေ့ချပေးခဲ့ကြသည့် မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်၊ ကသာမြို့ အစိုးရအထက်တန်းကျောင်းမှ ဆရာဦးဘ၊ ဆရာဦးဘသောင်း နှင့် မြစ်ကြီးနား အထက်တန်းကျောင်းမှ ဆရာမစ္စတာ ဆော်လမွန်တို့ကြောင့်လည်းကောင်း၊ ဆရာကြီး၏ နာခံတတ်မှု အပတ်တကုတ် ကြိုးစားအားထုတ် လေ့လာမှုများကြောင့် လည်းကောင်း အင်္ဂလိပ်စာ ထူးချွန်သူဖြစ်ခဲ့သည်။
သဉ္ဇာနွယ်(စာပေဗိမာန်)