Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေ၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနတို့ အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေ၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (MLIT)တို့၏ (၇)ကြိမ်မြောက် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Prime Hill Business Square ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် ဂျပန်နိုင်ငံ MLIT မှ ဒုတိယဝန်ကြီး Mr.Yamada Kunihiro တို့က အမှာစကား ပြောကြားကြပြီး Construction Industry Sector ကဏ္ဍတွင် အဆောက်အဦ ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဒေါ်အေးအေးမော်က  “The Current Process to Reorganize MoC as a Regulatory Body" ခေါင်းစဉ်ဖြင့် လည်းကောင်း လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် က “The Road and Bridge Project in Myanmar , Yangon Outer Ring Roat and Yangon Elevated Expressway" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Housing Sector ကဏ္ဍတွင် ဂျပန်နိုင်ငံ Housing Bureau မှ ညွှန်ကြားရေးမှူး Mr. Murakami က Public Rental Housing in Japan ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Urban Development Sector ကဏ္ဍတွင် ဂျပန်နိုင်ငံ Urban Bureau မှ ဒုတိယညွှန်ကြားရေးမှူး Mr.Takam က Report on Initiatives in the Urban Sector in Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ကြသည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ဒုတိယဝန်ကြီးများသည် အစည်းအဝေး တက်ရောက်လာကြသူများ၏ သိရှိ လိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

သတင်းစဉ်