သာစည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ကျေးရွာတွင်း (VDP) ကွန်ကရစ်လမ်းဖွင့်ပွဲ၊ သဲပုံကျေးရွာအုပ်စု သဲပုံ၊ ရင်ဇင်း၊ သဲကုန်းကျေးရွာ၊ သာဂရကျေးရွာအုပ်စု သာဂရကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကို ယမန်နေ့က အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် တက်ရောက်သည်။
ရှေးဦးစွာ ဥသျှစ်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ကျေးရွာတွင်း(VDP) ကွန်ကရစ်လမ်းဖွင့်ပွဲကို နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေသ ကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်ဆိုင်နှင့် ရပ်မိရပ်ဖ ဦးကျော်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး အခမ်းအနားတွင် ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အမှာစကားပြောကြားပြီး ကျေးရွာမီးလင်းရေးကော်မတီမှ ဦးကျော်စိန်က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်ပြီး မွန်းတည့် ၁၂ နာရီတွင် သဲပုံကျေးရွာအုပ်စု သဲပုံ၊ ရင်ဇင်း၊ သဲကုန်းကျေးရွာ လျှပ်စစ် မီးလင်းရေးဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ခေတ္တဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိန်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အမှာစကားပြောကြားပြီး ကျေးရွာမီးလင်းရေးကော်မတီမှ ဦးထွန်းဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် သာဂရကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ခေတ္တ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရပ်မိရပ်ဖ ဦးကြာငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ အခမ်းအနားတွင် ခေတ္တဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ကျေးဇူး တင်စကား ပြောကြားသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ကျေးရွာများမှ ဒေသခံ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)